ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဘေးရှောင် ၇၀၀ ကျော်ရှိလာပြီဖြစ်ပြီး ၎င်းတို့အတွက် စားဝတ်နေရေးနှင့် ကလေးများပညာရေးအတွက် စိန်ခေါ်မှုကြီးမားနေ

ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဘေးရှောင် ၇၀၀ ကျော်ရှိလာပြီဖြစ်ပြီး ၎င်းတို့အတွက် စားဝတ်နေရေးနှင့် ကလေးများပညာရေးအတွက် စိန်ခေါ်မှုကြီးမားနေ

Photo; Khumi Media Group

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွား မှုကြောင့် ပလက်ဝမြို့ပေါ်တွင် ပြောင်းရွှေ့စစ်ဘေးရှောင်အိမ်ထောင်စုများလာသဖြင့် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကလေးများပညာရေးအတွက် စိန်ခေါ်မှုကြီးမားသဖြင့် စိုးရိမ်ပူပန်ရကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေး အတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။

ဇွန်လ ၁၀ ရက်နေ့ညနေပိုင်းအထိ ပလက်ဝမြို့ပေါ်သို့စစ်ဘေးတိမ်းရှောင်လာသူ အိမ်ထောင်စု ၁၄၃ အိမ်ရှိပြီး လူဦးရေ ၇၂၂ ဦးရှိကြောင်း ပလက်ဝစစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့၏ စာရင်းအရသိရသည်။

စစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့မှ အတွင်းရေးမှူးဦးကျော်အောင်က “ မြို့နယ်အုပ်ချုပ်ရေးမှူးဌာန၊ လူမှုအသင်းအဖွဲ့နဲ့ပူးပေါင်းပြီးတော့ သူတို့နေဖို့စားဖို့သောက်ဖို့တို့ကို ဆွေးနွေးပြီးတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ ကြံံ့ခိုင်ရေးရုံးရယ်၊ အင်္ဂလီကန်အသင်းတော် ခန်းမဆောင်ရယ်၊ NLDရုံးမှာရယ် အဲဒီသုံးနေရာမှာ စီစဉ်ပေးထားတယ်။ တစ်ချို့ကတော့ ကိုယ့်အသိမိတ်ဆွေ အိမ်တွေမှာ ကပ်ပြီးနေကြတယ်။ ကြာလာရင် စားဝတ်နေရေးနဲ့ ပညာရေးမှာ စိုးရိမ်ရတယ်” ဟုပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ပြောင်းရွှေ့လာသော ပြည်သူများကို မိုးတွင်းကာလ အတွင်း စားဝတ်နေရေးနှင့် ကျေင်းဖွင့်သည့် ကာလရောက်ရှိလာပြီဖြစ်သဖြင့် ကလေးများ၏ ပညာရေးတွင် အဓိကအကူအညီလိုအပ်ကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ရခိုင်ပြည်နယ်အတွင်း စစ်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ကျော့ပြန် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဖက်တွင်လည်း စစ်ပွဲများ ပြန်လည်အရှိန်မြင့်လာသည့် အတွက် ကျေးရွာနေပြည်သူများ ရွာကိုစွန့်ကာ ပလက်ဝမြို့ပေါ်အထိ တိမ်းရှောင်ထွက်ပြေးနေရသည်။

ဇွန်လသုံးရက်နေ့ကလည်း ပလက်ဝမြို့ပေါ်နှင့် ဆယ်မိုင်ဝန်းကျင်သာကွာသည့် နေရာတွင် ရက္ခိုင့်တပ်မတော် မှ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော်ကို ကြားဖြတ်လုယူမှုဖြစ်ပွားခဲ့သေးသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...