တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာတွင်ကောက်ခံမည့် ကြားဖြတ်သန်းခေါင်စားရင်း ကောက်ကွက်သုံးထောင်ကျော်ဖြစ်ပြီး ချင်းပြည်နယ်တွင် ကောက်ကွက် တစ်ရာကျော်ရှိကြောင်းသိရ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာတွင်ကောက်ခံမည့် ကြားဖြတ်သန်းခေါင်စားရင်း ကောက်ကွက်သုံးထောင်ကျော်ဖြစ်ပြီး ချင်းပြည်နယ်တွင် ကောက်ကွက် တစ်ရာကျော်ရှိကြောင်းသိရ

၂၀၁၉ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနဲ့ပြည်နယ်အလိုက် ကြားဖြက်သန်းခေါင်စားရင်း ကောက်ခံမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကောက်ကွက်သုံးထောင်ကျော် ဖြစ်ပြီး ချင်းပြည်နယ်တွင် ကောက်ကွက် တစ်ရာကျော်ဖြစ်ကြောင်း ဟားခါးမြို့ လဝက ခရိုင်မှုး ဦးသိန်းဇော်ကပြောသည်။

ဟားခါးခရိုင် လဝက ခရိုင်မှုး ဦးသိန်းဇော်က “လာမယ့် နိုဝင်ဘာလထဲမှာ ကြားဖြက်သန်းခေါင်စရင်းကို စတင်ပြီးကောက်မှာဖြစ်တယ်။ ၂၀၁၄ ကနေ ဒီနှစ်အထိ ငါးနှစ်ကာလအတွင်း လူမှုရေးအခြေနေတိုးတတ် ပြောင်းလဲချက်ကို သိရှိချင်လို့ ကောက်တာလည်းဖြစ်တယ်။နောက်ပြီး ၂၀၂၄ကျရင်လည်း တစ်ပြည်လုံးကျွတ်ကောက်ရမှာဖြစ်တဲ့အတွက် အဲဒီအတွက် ဘာတွေပြင်ဆင်ရမလဲ ဆိုတဲ့အနေအထားတွေကို သိချင်လို့ ကောက်တာဖြစ်တယ်။ တစ်နိုင်ငံလုံးကို ကောက်ကွက်ကို သုံးထောင်ကျော်လောက်ဖြစ်တယ်၊ ချင်းပြည်နယ်မှာက တစ်ရာကျော်လောက်ဖြစ်တယ်”ဟုပြောသည်။

နိုဝင်ဘာလတွင် ကောက်ခံမည့် သန်းခေါင်စရင်းတွင် အိမ်တစ်အိမ်၏ လူဦးရေ အပြောင်းအလဲ၊ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပိုင်း၊ သန့်ရှင်းမှုကို ရရှိသောအခြေအနေ ၊ လျှပ်စစ်မီးရရှိမှုအခြေအနေ၊ လောင်စာအသုံးပြုမှုအခြေ အနေ နှင့် ရေလောင်းအိမ်သာ အသုံးပြုနိုင်ချင်း ရှိမရှိများကိုပါ ကောက်ခံသွားမည်ဖြစ်ပြီး မြို့နယ်အလိုက် လူဦးရေများသော ဒေသရှိ သက်မှတ်ကောက်ကွက်များတွင်သာ စားရင်းကောက်ခံသွားမှာဖြစ်ကြောင်း ဟားခါးမြို့လဝက ခရိုင်မှုး ဦးသိန်းဇော်ကပြောသည်။

ဟားခါးမြို့ လဝက ခရိုင်မှုး ဦးသိန်းဇော်က “ကြားဖြက်သန်းခေါင်စရင်းဖြစ်တဲ့အတွက် မြို့နယ်တစ်ခုမှာ တစ်မြို့နယ်လုံးမကောက်ဘူး ၏ ကောက်ကွက်၂၀၊ ၃၀ကတော့ ကောက်မှာပေါ့ ဟားခါးမြို့နယ်မှာဆိုရင် မြို့ပေါ်က ၁၂ကွက်၊ ရွာမှာ ၆ကွက် အဲလို ကောက်ကွက်တွေ သတ်မှတ်ထားတယ်” ဟုပြောသည်။

၂၀၁၉ ခုနှစ်နိုဝင်ဘာလတွင် ကောက်ခံမည့် ကြားဖြက်သန်းခေါင်စားရင်းကို နည်းပညာဖွံ့ဖြိုးတိုးတတ်လာမှုနှင့် အညီ Taplet ကွန်ပြူတာများ အသုံးပြုကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လဝက ခရိုင်မှုး ဦးသိန်းဇော်ကပြောသည်။

လဝက ခရိုင်မှုး ဦးသိန်းဇော်က “လာမယ့်နိုဝင်ဘာလရောက်ရင် ရုံးကလူတွေက Tapletကွန်ပြူတာ တွေနဲ့လာကောက်မှာဖြစ်တယ်၊ အရင်ကလို ခဲတံ၊ဘောပင် စာအုပ်တွေနဲ့မဟုတ်တော့ ဘူး နည်းပညာကလည်း တိုးတတ်လာတဲ့ အခါကျတော့ Tapletတွေနဲ့ကောက်မှာဖြစ်တယ်။ Taplet တွေနဲ့ကောက်မှာဖြစ်တဲ့ အတွက် အချိန်အားဖြစ်လည်း ပိုမြန်လာမယ်၊ ရရှိလာတဲ့သတင်း အချက်အလက်တွေကိုလည်း ကျွန်တော်တို့ဘက်ကနေ မြန်မြန်ဆန်ဆန်ထုတ်ပြန်နိုင်တာပေါ့”ကပြောသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...