ရင်ကွဲတောင်တွင် သတ္တုတူးဖော်မှု ဆက်လက်အေ ကာင်အထည်ဖော်ပါက ဆန္ဒဖော်ထုတ် ကန့်ကွက်သွားမည်

ရင်ကွဲတောင်တွင် သတ္တုတူးဖော်မှု ဆက်လက်အေ ကာင်အထည်ဖော်ပါက ဆန္ဒဖော်ထုတ် ကန့်ကွက်သွားမည်

ကန်ပက်လက်မြို့နယ်ရှိ ရင်ကွဲတောင်တွင် ကုမ္ပဏီမှ တရားဝင်သတ္တုတူး ဖော်ရန်ဆောင်ရွက်မှုကို ကန်ပက်လက်လူမှုအဖွဲ့ အစည်းများမှကန့်ကွက်လျက်ရှိပြီး အဆိုပါကန့်ကွက်မှုကို လျစ်လျူရှုပြီး ဆက်လက်အကောင်အထည်ဖော်ပါက လူထုအင်အားဖြင့် ဆန္ဒဖော်ထုတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့အရပ်ဖက်အဖွဲ့အစည်းမှ ဦးမနားရှင်းကပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးမနားရှင်းက “နောင်တစ်ချိန်မှာ ဒီသတ္တုတွင်းနဲ့ပက်သက်ပြီး ဒေသခံတွေခံစားခွင့်ကို ဥပဒေနဲ့ ပက်သက်ပြီး သတ်သတ်မှတ်မှတ် သတ်မှတ်ပေးတဲ့အချိန်မှပဲ ကျွန်တော်တို့က တူးစေချင်တယ်။ အခုက ခံစားခွင့်နဲ့ ပက်သက်ပြီး သက်မှတ်ထားတာမရှိဘူးဆိုတော့ ကန့်ကွက်တယ် ကန့်ကွက်လို့မရရင် လူထုနဲ့ ဆန္ဒပြသွားမယ်” ဟုပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ရင်ကွဲတောင်တွင် ကျော်စွာကုမ္ပဏီမှ သတ္တုတူးဖော်စမ်းသပ်ကာလအဖြစ် (၁၀)နှစ်ကြာ တူးဖော်ခဲ့ပြီး လက်ရှိတရားဝင်တူးဖော်ခွင့် ကိုလည်း ပြည်ထောင်စုအစိုးရထံတွင် တောင်းဆိုလျက်ရှိကြောင်းသိရသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးမနားရှင်က “ကုမ္ပဏီဖက်ကလည်း စမ်းသပ်တူးဖော်တာ ဆယ်နှစ်လောက်ရှိသွားပြီ တရားဝင်တူးဖော်ခွင့်ကို ပြည်ထောင်စုအစိုးရဆီမှာ တောင်းဆိုနေကြတယ်။ ဒေသခံအတွက်လည်း အကျိုးလည်းမရှိဘူး။ တစ်နှစ်ကို သိန်းတစ်ရာပေးမယ်ဆိုလားဘဲ ။ နောက်ပြီးကုမ္ပဏီဖက်ကလည်း ပွင့်လင်းမြင်သာမှုမရှိဘူး ။ ကျွန်တော်တို့ ကန်ပက်လက် အရပ်ဖက်လူမှုအဖွဲ့အစည်း အနေနဲ့လည်း ကန့်ကွက်စာကို နိုင်ငံတော်သမ္မတဆီမှာလည်း တင်ထားတယ်”ဟုပြောသည်။

သတ္တုကို မကွေးတိုင်းနယ်စပ် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်ရှိ လဲဘုံအုပ်စု တွင် တူးဖော်မှာဖြစ်ပြီး သတ္တုတူးဖော်ခွင့်ကို ရရှိရန် ကုမ္ပဏီအနေဖြင့် ကျေးရွာနေပြည်သူများထံမှ သဘောတူညီချက်ကို တောင်းခံရမှာဖြစ်ကြောင်း သူကဆက်ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးမနားရှင်းက “သတ္တုတူးဖော်ခြင်းနဲ့ပက်သက်ပြီး အဓိကဆုံးဖြတ်မဲ့သူက ဒေသခံကျေးရွာတွေဖြစ်တော့ ကျွန်တော်တို့က ကျေးရွာတွေကို ဖိအားပေးတာထက် ကျွန်တော်တို့က ပညာပေးတာတွေဘဲ လုပ်ရမှာဖြစ်တယ်။ ဆုံးဖြတ်မှာလည်း သူတို့ပဲဆိုတော့လေ”ဟုပြောသည်။

ပြည်နယ်အတွင်း သတ္တုတူးဖော်ခြင်းကို သယံဇာတခွဲဝေရေးနှင့် ပက်သက်ပြီး ပြည်ထောင်စုမှ ချုပ်ကိုင်ထားမှုကို ပြည်နယ်များမှ လုပ်ပိုင်ခွင့်ရှိလာခြင်း၊ ဒေသအတွင်း သတ္တုတူးဖော်ခြင်း စီမံခန့်ခွဲမှုနှင့် ပက်သက်ပြီး ပြည်နယ်အတွင်း အတိုင်းအတာတစ်ခုရှိသည့် အချိန်လောက်တွင်သာ တူးဖော်စေချင်ကြောင်း ကန်ပလက်လက်လူမှုအဖွဲ့အစည်းမှ ဦးမနားရှင်းကပြောသည်။

ကျော်စွာကုမ္ပဏီမှ သတ္တုများကို စမ်းသပ်ကာလအဖြင့် ဆယ်နှစ်ခန့်အကြာ တူးဖော်ခဲ့ပြီး တူးဖော်သည့် ကာလအတွင်း သွားရောက်လေ့လာခြင်းများကို လည်း ကုမ္ပဖက်မှ ခွင့်ပြုခြင်းမရှိကြောင်း နှင့် သတ္တုတူးဖော်ခြင်းကို လည်းကန့်ကွက်စာတင်ထားပြီး ကန့်ကွက်စာဖြင့် မထူးခြားပါက လူထုနှင့် ဆန္ဒပြသွားမှာဖြစ်ကြောင်း ကန်ပက်လက် အရပ်ဖက်လူမှုအဖွဲ့အစည်း များထံမှသိရှိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နယ်စပ်တွင်ရှိသည့် ရင်ကွဲတောင်တွင် ရွှေ၊ ငွေ၊ ကြေးနီစသည့် သတ္တုများ အပြင် အခြားသတ္တုများလည်း ထွက်ရှိကြောင်း မြန်မာနိုင်ငံ သတ္တုတွင်းနှင့်သယံဇာတတူးဖော်ရေးဌာနစာရင်းအရသိရှိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...