ကုလားတန်မြစ်ကူးတံတားသံဘောင်များကို အာမခံကုမ္ပဏီမှ အချိန်မီ လျော်ပေးနိုင်ပါက လုပ်ငန်းယခုနှစ်အတွင်း ပြီးစီးနိုင်မည်ဟုဆို

ကုလားတန်မြစ်ကူးတံတားသံဘောင်များကို အာမခံကုမ္ပဏီမှ အချိန်မီ လျော်ပေးနိုင်ပါက လုပ်ငန်းယခုနှစ်အတွင်း ပြီးစီးနိုင်မည်ဟုဆို

ရက္ခိုင့်တပ်မတော်၏ ဖျက်စီးမှုခံရသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များကို အာမခံကုမ္ပဏီမှ အမြန်လျော်ပေးနိုင်ပါက ယခုနှစ်အတွင်း လုပ်ငန်းပြီးစီးနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဦးစိုးထက်က “ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအာမခံကုမ္ပဏီ တိုက်ရိုက်ချိတ်ပြီး လုပ်ရတာဖြစ်တယ်။ KBZ အာမခံကုမ္ပဏီကနေပြီးတော့ လျော်ပေးရမှာဖြစ်တယ်။ အဲဒီမှာလိုလို့ရှိရင် ကျွန်တော်တို့ချင်းပြည်နယ် အစိုးရအနေနဲ့ ဒီဟာတွေက ပျက်စီးနေတယ် ဆိုတာကို ထောက်ခံပေးရမှာဖြစ်တယ်။ ကုလားတန်မြစ်ကူးတံတားစီမံကိန်းကို ၂၀၂၀ ဖေဖော်ဝါရီ၂၀ ရက်မတိုင်ခင်ပြီးနိုင်မယ်။ လိုအပ်တဲ့ ဘတ်ဂျက်အပိုင်းကလည်း လုံလုံလောက်လောက်ရရှိတယ်။ နောက်ပြီး သံဘောင်တွေလည်း အစားထိုးအလျော်မြန်မြန်ရရင် ဒီနှစ်အတွင်းမှာလည်း ပြီးနိုင်မှာဖြစ်တယ်” ဟုပြောသည်။

လွန်ခဲ့သည့် လအနည်းငယ်က ရက္ခိုင့်တပ်မတော်မှ ပလက်ဝမြို့နယ်တွင်း ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရန်အတွက် သယ်ဆောင်လာသည့် သံဘောင်များကို မီးရှို့ဖျက်စီးလိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသံဘောင်များကို ပြန်လည်အသုံးပြုရမရကို ဂျပန်ပညာရှင်များမှ စမ်းသပ်ရာတွင် အသုံးပြု၍မရတော့ခြင်းကြောင့် အသစ်အစားထိုးရန်လိုအပ်ခြင်းဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “မီးလောင်သွားတဲ့ သံဘောင်တွေကတော့ ပညာရှင်တွေစစ်ဆေးချက်အရ ပြန်သုံးလို့မရဘူးဆိုတဲ့ အဖြေထွက်တော့ မသုံးတော့ဘူး။ ပထမမျက်မြင်တော့ သုံးလို့ရမယ် ထင်ရပေမဲ့ တကယ်တမ်း ဓာတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါကျတော့ သုံးလို့မရဘူးဆိုတော့ အခုတော့ အသစ်အစားထိုးဖို့ ပြင်နေတယ်”ဟုပြောသည်။

ရန်ကုန်မှ ပလက်ဝကုလားတန်မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်းအထိ သင်္ဘောဖြင့်သံဘောင်များကို သယ်ဆောင်လာပြီး လမ်းခုလပ်တွင်ရက္ခိုင့်တပ်မတော်AAမှ မီးရှို့၍ ပျက်စီးသဖြင့် သယ်ဆောင်ပေးသည့် ကုမ္ပဏီမှ အာမခံစည်းမျဉ်းအတိုင်း သံဘောင်များကို ပြန်လျော်ပေးရမည်ဖြစ်ပြီး သံဘောင်၏ စုစုပေါင်းတန်ဖိုးမှာ တစ်ဘီလီယံကျာ်တန်ဖိုးရှိကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “သယ်ကတည်းက သယ်လာတဲ့ ကုမ္ပဏီကနေ အာမခံတယ်။ သူတို့စက်ရုံကနေ ပလက်ဝမှာရှိတဲ့ လုပ်ငန်းခွင်အရောက် အဲလိုပို့ပေးဖို့ စာရွက်စာတမ်းလုပ်ထားတယ်။ မရောက်ခင် လမ်းမှာအခုလိုဖြစ်သွားတော့ သူတို့အာမခံစည်းကမ်းအရ သူတို့မှာတာဝန်ရှိတာပေါ့။ အာမခံကုမ္ပဏီကနေပြီးတော့ ဒီဟာကိုပြန်လျော်ပေးရမှာပေါ့။ အဲဒီဟာရမှ နောက်ထပ်သံဘောင်အသစ်ကို သုံးလို့ရမှာ မီးလောင်သွားတဲ့ သံဘောင်ရဲ့ တန်ဖိုးက တစ်ဘီလျံကျော်ဖိုးဖြစ်တယ်”ဟုပြောသည်။

 အာမခံကုမ္ပဏီမှ သံဘောင်အစားထိုး လျော်ကြေးပေးပြီး သံဘောင်များကို မြန်မြန်ထုတ်ပေးနိုင်လျှင်တံတားကို အချိန်မီပြီးဆုံးနိုင်မှာဖြစ်ပြီး ကုလားတံမြစ်ကူးတံတားကို ၂၀၂၀ ဖေဖော်ဝါရီ ၂၀ ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...