ပူလစ်ဇာဆုကို ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လက်ခံရယူ

ပူလစ်ဇာဆုကို ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လက်ခံရယူ

သတင်းလောက၏ ဂုဏ်သိက္ခာအမြင့်ဆုံးဆုတစ်ဆုအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ပူလစ်ဇာဆုကို ရိုက်တာ သတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့သည် မေလ ၂၈ ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လက်ခံရယူခဲ့ကြသည်။

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆုကို မြန်မာနိုင်ငံရှိ ရိုက်တာသတင်းဌာနခွဲမှ ရရှိခဲ့ခြင်းလည်း ဖြစ်ပြီး  ယင်းတို့အထဲတွင် မြန်မာသတင်းထောက်များဖြစ်သည့် ကိုဝလုံး ၊ ကိုကျော်စိုးဦး နှင့် မရွှန်းလဲ့ဝင်းနိုင်တို့လည်း ပါဝင်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာ၌ ဘင်္ဂါလီ ဆယ်ဦး သတ်ဖြတ်ခံခဲ့ရသည့် အကြောင်းအား သတင်းရယူရန် ကြိုးပမ်းနေစဉ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်း၌ အစိုးရမှ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင် ၇ နှစ်ချမှတ်ခံခဲ့ရသည်။

အကျဉ်းကျခံနေရစဉ်အတွင်း ထောက်ခံအားပေးခဲ့သူများနှင့် လွတ်လပ်မှုများနှင့် ဘဝတွေကို စတေးပြီး သတင်းများ တင်ပြနေခဲ့ကြသည့် ကမ္ဘာတစ်ဝှန်းလုံးက ဘဝတူသတင်းသမားများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါသည်ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးက ဆုလက်ခံရယူသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

အကျဉ်းထောင်ထဲတွင် ရက်ပေါင်း ၅၀၀ ကျော် နေထိုင်ခဲ့ပြီးနောက် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပူလစ်ဇာဆုကိုလက်ခံရယူခဲ့ခြင်းလည်းဖြစ်သည်။

ပူလစ်ဇာဆုကို မြန်မာနိုင်ငံသားများထဲတွင် ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်း နှင့် AP သတင်းဌာနမှ မအက်စတာထုဆန် တို့လည်း ရရှိခဲ့ဖူးသည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...