ချင်းပြည်နယ်တွင် အဟာရမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ်တွင် အဟာရမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်း ၈ နာခွဲက စတင်ပြီး ၂ ရက်ကြာ ကျင်းပပြုလုပ်မည့် အဟာရမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြသည်။

မေလ ၃၀ ရက်နေ့ထိ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို Scaling Up Nutrition Civil Society Alliance in Myanmar (အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်) မှ လာရောက်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်း ကလေးငယ်များ၏ အဟာရဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များကို အဓိက ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့စတင်ကျင်းပသော ဆွေးနွေးပွဲတွင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါ်လွင်မင်းထန်နှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ တို့တက်ရောက်ကြပြီး ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့၊ ချင်းပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းအသီးသီးတို့ပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် ချင်းပြည်နယ်ရှိ အသက် (၅) နှစ်အောက် ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့မှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရှိ ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့ခြင်း (သို့မဟုတ်) အရပ်အမောင်းပုညှက်မှု ရာခိုင်နှုန်းသည် (၄၀ ဒသမ ၃) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...