ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များကို အစိုးရတပ်မတော်မှ ပေါ်တာဆွဲမှုများရှိနေ

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များကို အစိုးရတပ်မတော်မှ ပေါ်တာဆွဲမှုများရှိနေ

ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးရှောင်အဖြစ်နေထိုင် သူများကို တပ်မတော်မှ ငွေကြေးအနည်းငယ်ပေးပြီး မလိုက်အနေရ ပေါ်တာဆွဲကာ ရိက္ခာများကို အတင်းအဓ္ဓမသယ်ခိုင်းကြောင်း ပေါ်တာဆွဲခံခဲ့ရသူ စစ်ဘေးရှောင် ပြည်ထောင်ရွာသား တစ်ဦးကပြောသည်။

သူက “ကျွန်တော်ဆိုရင် စစ်တပ်ကနေ ပေါ်တာအဆွဲခံရတာ လေးကြိမ်လောက်ရှိပြီ။ သူများတွေဆိုရင် ဆယ်ကြိမ်လောက်ရှိပြီ လို့ပြောတယ်။ စစ်တပ်တွေက ကျွန်တော်တို့ရွာကိုလာပြီး ရိက္ခာပစ္စည်းတွေထမ်းခိုင်းတယ်။ အဲလိုထမ်းပေးရင် သူတို့က တစ်ရက်ကို လေးထောင်ကျပ်ပေးတယ်။ ကျွန်တော်တို့မလိုက်နိုင်ရင် ကျွန်တော်တို့ဖက်က သူတို့ကို လေးထောင်ပေးခိုင်းတယ်။ အဲလိုဆိုတော့ ကျွန်တော်တို့ မသွားချင်ဘဲ သွားနေရတယ်။ ပိုက်ဆံလေးထောင်က ကျွန်တော်တို့က မိသားစုနဲ့ဆိုတော့ မလုံလောက်ဘူး။ တခြားနေရာမှာ အငှားလိုက်ရင်တော့ ခြောက်ထောင်၊ ခုနှစ်ထောင်ရနိုင်တယ်”ဟုပြောသည်။

အစိုးရတပ်မတော်မှ ရွာသားများကိုငွေကြေးအနည်းငယ်ပေးပြီး ရိက္ခာထမ်းရန်အတွက် တစ်ကြိမ်လျှင် ရွာသားလူဦးရေ ဆယ့် ငါးယောက်မှ နှစ်ဆယ်အကြား ခေါ်လေ့ရှိပြီး ခရီးဆုံးလျှင် နေရပ်ကို ပြန်ခိုင်းကြောင်း ပေါ်တာအဆွဲခံဖူးသူများထံမှသိရသည်။

ပေါ်တာဆွဲခံရဖူးသူတစ်ဦးက “ရိက္ခာထမ်းပေးတဲ့အချိန်မှာ လမ်းခရီးက ကျွန်တော်တို့အတွက် အသက်အန္တရယ်စိုးရိမ်ရတယ်။ နေ့ခင်းပိုင်းကျေ တာ့ သိပ်ပြသနာမရှိပေမဲ့ ညပိုင်းသွားတဲ့ အချိန်တွေ ဆိုရင် ကျွန်တော်တို့အသက် အန္တရယ်လည်း စိုးရိမ်ရတယ်။ ကျွန်တော်တို့ လက်ရှိစစ်ဘေးရှောင်တွေ နေထိုင်တဲ့ မီဇာရွာကနေ ကင်းသလင်းရွာအနားတွေထိ ရိက္ခာတွေ သွားထမ်းပေးရတယ်”ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့အကြား တိုက်ပွဲများကြောင့် တစ်ချို့ကျေးရွာနေပြည်သူများမှာ ၎င်းတို့၏ကျေးရွာကိုစွန့်ပြီး မီဇာစစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...