ချင်းပြည်နယ်ရှိ အိန္ဒိယနိုင်ငံမှ လုပ်ဆောင်နေသည့် စီမံကိန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကွင်းဆင်းလေ့လာရန် အိန္ဒိယသံအမတ်ရောက်ရှိမည်

ချင်းပြည်နယ်ရှိ အိန္ဒိယနိုင်ငံမှ လုပ်ဆောင်နေသည့် စီမံကိန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကွင်းဆင်းလေ့လာရန် အိန္ဒိယသံအမတ်ရောက်ရှိမည်

ချင်းပြည်နယ်ရှိ အိန္ဒိယနိုင်ငံမှ လုပ်ဆောင်နေသည့် စီမံကိန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကွင်းဆင်းကြည့်ရှုလေ့လာရန် ချင်းပြည်နယ်သို့ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက်(ဘ်)ကူးမား ယနေ့ရောက်ရှိမည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်လည်း မေလ(၉)ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “အိန္ဒိယသံအမတ်လည်း ရှစ်ရက်နေ့ညမှ ဟားခါးကို ရောက်မှာဖြစ်တယ်။ သူတို့အိန္ဒိယ အကူအညီနဲ့ ကျွန်တော်တို့ ချင်းတောင်ကို ကူညီထားတာ အများကြီးရှိတယ် ကိုးရက်နေ့မနက်မှာ ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့ အိန္ဒိယသံအမတ် တွေ့ဆုံဖို့ရှိတယ်။ အခုပလက်ဝက ကုလားတန်မြစ် ဘက်စုံစီမံကိန်းကနေ အိန္ဒိယနယ်စပ် ဇိုရမ်ပူလမ်းကို ဖောက်တဲ့အချိန်မှာ ကုမ္မဏီတွေကအခက်အခဲ ဖြစ်တယ် AAတွေနဲ့မြန်မာတပ်မတော်နဲ့ တိုက်ပွဲဖြစ်တော့ အဲဒီကိစ္စတွေအတွက်ကို လုံခြုံရေးကိစ္စ ဆောင်ရွက်ပေးဖို့ ဆွေးနွေးပေးတာတွေရှိတယ်။ ကျွန်တော်တို့ နေပြည်တော်မှာ ၃ရက်နေ့က အဲဒီအတွက် အစည်းအဝေးလည်း လုပ်ပြီးပြီ အိန္ဒိယသံအမတ်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး ဒုဝန်ကြီး၊ ဌာနဆိုင်ရာအားလုံးနဲ့ လုပ်ပြီးပြီ အဲဒီအတွက် လမ်းကိုလည်း မြန်မြန်ဖောက်လုပ်ပြီးအောင် နောက်တခြားစီမံကိန်းတွေကိုလည်း ကွင်းဆင်းရင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတို့နဲ့ တွေ့ဖို့လာတာလည်းဖြစ်တယ်”ဟုပြောသည်။

ချင်းပြည်နယ်သို့ အိန္ဒယသံအမတ်လားခြင်းသည် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကို အဆင့်မြှင့်တင်ခြင်းဖြစ်သည့်အတွက် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း အကောင်းဆုံးတွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များရှိခဲ့သော် ပြည်ထောင်စုအစိုးရကို တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

အိန္ဒိယသံအမတ်သည် ချင်းပြည်နယ်ကို ၆ရက်နေ့တွင် ရောက်ရှိခဲ့ြ့ပီး ၁၀ရက်နေ့တွင် ပြန်ကြမှာဖြစ်ပြီး ၁ဝရက်နေ့တွင် ကလေးမြို့မှ ရန်ကုန်သို့လေယာဉ်ဖြင့် ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...