ချင်းပြည်နယ်တွင် အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက် မြို့တိုင်းတွင် အချက်အလက် ကောက်ခံလျှက်ရှိပြီး ခိုင်ကမ်းမြို့တွင် အချက်အလက်ကောက်ခံခြင်းပြီးစီး

ချင်းပြည်နယ်တွင် အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက် မြို့တိုင်းတွင် အချက်အလက် ကောက်ခံလျှက်ရှိပြီး ခိုင်ကမ်းမြို့တွင် အချက်အလက်ကောက်ခံခြင်းပြီးစီး

ချင်းပြည်နယ်တွင် အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက် မြို့တိုင်းတွင် အချက်အလက် ကောက်ခံလျှက်ရှိပြီး ခိုင်ကမ်းမြို့တွင် အချက်အလက်ကောက်ခံခြင်းပြီးစီး

အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက် တီးတိမ်မြို့နယ် ခိုင်ကမ်းမြို့ပေါ်တွင် တစ်အိမ်တက် တစ်အိမ်ဆင်း အဆောက်အအုံနှင့် မြေအဆင့်သတ်မှတ်ရန် အချက်အလက်ကောက်ခံခြင်း ပြီးမြှောက်သွားပြီဖြစ်ကြောင်း နှင့် ချင်းပြည်နယ်ရှိ မြို့တိုင်းတွင်လည်း ကောက်ခံသွားမည် ဖြစ်ကြောင်း ခိုင်ကမ်းမြို့စည်ပင်ဥက္ကဌထံမှ သိရသည်။

ခိုင်ကမ်းစည်ပင် ဥက္ကဌ ဦးအာထောင်းက “အဆောက်အအုံနဲ့ မြေအဆင့်သတ်မှတ်ဖို့ တစ်အိမ်တက် တစ်အိမ်ဆင်းကောက်တာ အိမ်ခြေအကုန်လုံးပြီးပြီ အခုလိုကောက်တာ အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက်ဖြစ်တယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး အချက်အလက်တွေကောက်ခံတယ် အဆောက်အအုံ နယ်မြေအဆင့်သတ်မှတ်ဖို့ အဓိကဖြစ်တယ်”ဟု ပြောသည်။

အဆောက်အအုံနှင့် မြေအဆင့်သတ်မှတ်နိုင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း အချက်အလက်ကောက်ခံရာတွင် အဆောက်အအုံအမျိုးအစား၊ အဆောက်အအုံဧရိယာ၊ ခြံမြေဧရိယာ၊ အဆောက်အအုံအထပ်၊ ရေရရှိမှု၊ လျှပ်စစ်မီးရမရ၊ လမ်းပန်းဆက်သွယ်ရေး ကောင်း/မကောင်း၊ ဈေးနှင့်အကွာအဝေး နီး/မနီး၊ ရပ်ကွက် ကောင်း/ညံ့၊ အမှိုက်သိမ်းဆည်းမှု (နေ့စဉ်၊ရက်ခြား) စသည့်အချက်အလက်များ ပါဝင်ကြောင်း သိရှိရပါသည်။

ချင်းပြည်နယ်ရှိ မြို့တိုင်းတွင်လည်း အဆောက်အအုံနှင့် မြေအဆင့်သတ်မှတ်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စရင်းကောက်ယူခြင်းကို သက်ဆိုင်ရာ စည်ပင်ဌာနများမှ မေလ(၁)ရက်နေ့မှ စတင်ကောက်ခံ နေကြကြောင်းသိရှိရပြီး ခိုင်ကမ်းမြို့တွင် အဆောက်အအုံနှင့် မြေအဆင့်သတ်မှတ်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူခြင်း သုံးရက်သာ အချိန်ကုန်ကြောင်း သိရှိရပါသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...