ဧပြီလအတွင်း နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၇၀၀၀ နီးပါး လွတ်မြောက်လာ

ဧပြီလအတွင်း နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၇၀၀၀ နီးပါး လွတ်မြောက်လာ

မြန်မာနှစ်သစ်ကူးကာလ သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလအတွင်း ဒုတိယအကြိမ်အဖြစ် အကျဉ်းသား ၇၀၀၀ နီးပါးကို ထပ်မံလွှတ်ပေးခဲ့သည်။

ပထမအကြိမ်အဖြစ် ဧပြီ ၁၇ ရက်နေ့က လွှတ်ပေးခဲ့မှုတွင် လွှတ်သင့်လွှတ်ထိုက်သူများမပါဝင်ဟု ဆိုကာ အကျဉ်းထောင် နှစ်ခုတွင် ဆူပူမှုများ ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် နိုင်ငံတော် သမ္မတမှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဆူပူမှုများကြောင့် ပြန်လည်စိစစ်၍ လွတ်ပေးခြင်းလား ဆိုသည်ကိုမူ ယခုအချိန်တွင် အတည်မပြုနိုင်သေးပါ။

လွတ်ငြိမ်းသက်သာခွင့် အမိန့်စာ၏ ဖော်ပြချက်တွင်မူ “လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက် ရှိပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ပါသည်” ဟု ရေးသားပါရှိသည်။

ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသည့် အနေဖြင့် အကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် နိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦး ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းလည်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ၇ ခုရှိ အကျဉ်းထောင်များမှ အကျဉ်းသားများ လွတ်မြောက်လာခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ်ကျခံရသူများအများဆုံးဖြစ်သည်ဟု အကျဉ်းဦးစီးဌာနက ဆိုသည်။

“ဒီနေ့တော့ အင်းစိန်ထောင်က လွတ်မြောက်တဲ့သူ မပါပါဘူး။ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ကတော့ အင်းစိန် ထောင်ကနေ  အကျဉ်းသား ၇၀၀ ကျော် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော်က မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတအမိန့်ဖြင့်  လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့သည်။

သမ္မတ လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်၍ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားများသည် ဧပြီလ ၂၃ ရက်နေ့တွင် ဆူပူခဲ့ပြီး စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများလည်း ဧပြီ ၂၁ ရက်နေ့တွင် ဆူပူခဲ့သည်။

ယင်းဆူပူခဲ့သည့် အကျဉ်းသားအများစုသည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူများလည်းဖြစ်သည်။

ယခု လွတ်ငြိမ်းခွင့်တွင်မူ အဆိုပါ အကျဉ်းထောင်များမှ အကျဉ်းသားများ ပါဝင်ခြင်း ရှိမရှိကိုမူ အတည် မပြုနိုင်သေးပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...