မြန်မာနိုင်ငံကို ချေးငွေ ထုတ်ချေးသည့်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် သုံးနှစ် ချ

မြန်မာနိုင်ငံကို ချေးငွေ ထုတ်ချေးသည့်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် သုံးနှစ် ချ
၂၀၁၉ ခုနှစ်၊ မတ် ၂၂ ရက်က ဟောင်ကောင်ရှိ Rosewood Hong Kong ဟိုတယ်သို့ ထိုင်းနိုင်ငံရဲ့ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာ ရောက်ရှိလာတာကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - Jerome Favre/အီးပီအေ)
၂၀၁၉ ခုနှစ်၊ မတ် ၂၂ ရက်က ဟောင်ကောင်ရှိ Rosewood Hong Kong ဟိုတယ်သို့ ထိုင်းနိုင်ငံရဲ့ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာ ရောက်ရှိလာတာကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - Jerome Favre/အီးပီအေ)

ထိုင်းနိုင်ငံရဲ့ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာကို အာဏာအလွဲသုံးပြီး မြန်မာနိုင်ငံသို့ အတိုးနည်းချေးငွေ ဘတ်ငွေ လေးဘီလီယံကို အတည်ပြုခဲ့တဲ့အတွက် ထိုင်းအထူးခုံရုံးရဲ့ နိုင်ငံရေးရုံး အာဏာပိုင်များဆိုင်ရာ ရာဇဝတ်မှုဌာနက ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

သက်ဆင်ဟာ ၎င်းအာဏာရစဉ်က ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရေးနဲ့ ၎င်းမိသားစုပိုင် Shin Satellite ကုမ္ပဏီက ဝန်ဆောင်မှုတွေအတွက် Thai Exim Bank ကနေ အတိုနည်းချေးငွေကို အာဏာအလွဲသုံးပြီး အတည်ပြုပေးတာကို အပြစ်တွေ့ရှိလို့ ခုလို ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

၂၀၀၈ ခုနှစ်ကလည်း ကိုယ်တိုင်ပြည်ပသို့ ထွက်ပြေးနေတဲ့ သက်ဆက်ကို တရားရုံးချုပ်က ဖမ်းဝရမ်းလည်း ထုတ်လိုက်ပါတယ်။

၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက်မှာ သက်ဆင် ဝန်ကြီးချုပ်အဖြစ်က ဖြုတ်ချအပြီးမှာ စစ်အာဏာပိုင်တွေ ခန့်အပ်တဲ့ အစိုးရက သက်ဆင်ရဲ့ အမြောက်အမြား ကြွယ်ဝချမ်းသာမှုကို စုံစမ်းစစ်ဆေးရေးအတွက်

ပိုင်ဆိုင်မှုအာမခံများ စေ့စပ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံကို Exim Bank ရဲ့ ချေးငွေဟာလည်း အဆိုပါ ပိုင်ဆိုင်မှုအာမခံများစေ့စပ်စိစစ်ရေးကော်မတီနဲ့ နောက်ပိုင်းမှာ အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တို့ရဲ့ စုံစမ်းစစ်ဆေးမှု တစ်ဒါဇင်ခန့် အမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးဆဲ အခြားအမှုသုံးမှု ရှိရာမှာ သက်ဆင်မိသားစုပိုင် ဆက်သွယ်ရေးလုပ်ငန်းတွေကို အခွန်လျှော့ပေါ့မှုလည်း ပါဝင်ပါတယ်။ ဒီလိုအခွန်လျှော့ပေါ့ပေးမှုကြောင့်  နိုင်ငံအတွက် ဘတ်ငွေ ၆၆ ဘီ လီယံ ဘဏ္ဍာငွေ

နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ထပ်အမှုက နိုင်ငံပိုင် Krung Thai Bank ကနေ အိမ်ခြံမြေအုပ်စု Krisdamahanakorn အုပ်စုဆီ  ချေးငွေ ၉ ဒသမ ၉ ဘီလီယံ ထုတ်ချေးမှုဖြစ်ပါတယ်။ နောက်ထပ် အမှုတစ်ရပ်က ဂဏန်းသုံးလုံးနဲ့ နှစ်လုံး အောင်ဘာလေထီတွေ ထုတ်ရောင်းဖို့ စီစဉ်တာဖြစ်ပါတယ်။

အခု အမှုကို ၂၀၀၈ ဇူလိုင်က အထူးခုံရုံးရဲ့ နိုင်ငံရေးရုံး အာဏာပိုင်များဆိုင်ရာ ရာဇဝတ်မှုဌာနက လက်ခံယူကာ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်  တရားရုံးရဲ့ ပထမဆုံးကြားနာမှုမှာ သက်ဆင်က လာရောက်ခြင်း မရှိခဲ့ဘဲ ပြည်ပထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...