ချင်းတက္ကသိုလ်ကျောင်းသူ/သား ၅၀၀ ကျော်တက်ရောက်မည့် CUSF တွေ့ဆုံပွဲတွင် ဒုသမ္မတကို ဖိတ်ကြားထား

ချင်းတက္ကသိုလ်ကျောင်းသူ/သား ၅၀၀ ကျော်တက်ရောက်မည့် CUSF တွေ့ဆုံပွဲတွင် ဒုသမ္မတကို ဖိတ်ကြားထား

မင်းတပ်မြို့တွင် ကျင်းပမည့် (၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသူကျောင်းသားများ မိတ်သဟာယ (CUSF) တွေ့ဆုံပွဲသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူကိုလည်း ဖိတ်ထားကြောင်း မင်းတပ်တက္ကသိုလ်ကျောင်းသူ/သား သမဂ္ဂဥက္ကဌ ဆလိုင်းထန်းနိုင်း ကပြောသည်။

ဆလိုင်းထန်းနိုင်းက “ဒုတိယသမ္မတ ဦးဟန်နရီဘန်ထီးယူကိုလည်း ဖိတ်ထားတယ် ။ အကြောင်းပြန်တာတော့ မရှိသေးဘူး။ ချင်းပြည်နယ်အစိုးရကိုလည်း လိပ်မူပြီးဖိတ်တယ် ။ ဝန်ကြီးချုပ်ကိုလည်း ဖိတ်ထားတယ်။ ဒုတိယသမ္မတဖိတ်ရတဲ့ အကြောင်းရင်းက ဒီပွဲမှာ တက်ရောက်ပေးဖို့နဲ့ မိန့်ခွန်းပြောပေးဖို့ဖိတ်တာဖြစ်တယ်။ ပွဲအတွက် လူဦးရေကိုတော့ ငါးရာကျော်ခန့်မှန်းထားတယ်။ ကျင်းပမယ့် နေရာကျတော့ မြို့မစည်ပင်ဈေး ခန်းမမှာဘဲ ကျင်းပမှာဖြစ်တယ်။ ဒါပေမဲ့ ဒုတိယသမ္မတခရီးစဉ်နဲ့ ရက်အရမ်းနီးကပ်တော့ ကြိုဆိုရေးကိုတော့ အ.ထ.က(၁) ခန်းမမှာလုပ်ပြီး ဒုတိယသမ္မတ ခရီးစဉ်ပြီးမှဘဲ မြို့မစည်ပင်ဈေးကို ပြောင်းပြီး လုပ်သွားမှာဖြစ်တယ်”ဟုပြောသည်။

ဧပြီလ (၂၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပမည့် ချင်းတက္ကသိုလ်ကျောင်းသား တွေ့ဆုံပွဲတွင် ဥပဒေပညာရှင်များအပါအဝင် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ကြသည့် ပုဂ္ဂိုလ်များကိုလည်းဖိတ်ကြားထားပြီး ဟောပြောပွဲများကိုလည်း ကျင်းပမည့်အပြင် ကျောင်းသူကျောင်းသားများနှင့်လည်း ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်တစ်လျှောက် ရိုးရာအကများနှင့် စတိတ်ရှိုးများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဆလိုင်းထန်းနိုင်းကပြောသည်။

ဆလိုင်းထန်းနိုင်းက “ကျွန်တော်တို့ ချင်းလူမျိုးတွေဆီမှာက ပွဲတော်တွေမှမရှိတာ။ လူမျိုးတစ်မျိုးမှာ လွှမ်းခြုံတဲ့ပွဲ ဘာမှရှိဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ တွေဆုံဖို့လည်းမလွယ်ဘူး။ အခုလို ချင်းတက္ကသိုလ်ကျောင်းသူ/သား ပွဲတော်လုပ်တော့ ချင်းပြည်နယ် မြို့နယ်တိုင်းမှာရှိတဲ့ ချင်းကျောင်းသူ ကျောင်းသားတွေ အားလုံးနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ချင်းကျောင်းသူကျောင်းသား ပါတဲ့အခါကျတော့ အခုလိုစုစုစည်းစည်းနဲ့ ချစ်ခင်ရင်းနှီးမှုရှိဖို့၊ ဒေသအတွက် ရေရှည်လိုအပ်ချက်တွေကို အတူတကွ လက်တွဲအလုပ်လုပ် နိုင်ဖို့ပေါ့”ဟုပြောသည်။

ချင်းတက္ကသိုလ်ကျောင်းသားပွဲတော် ပြုလုပ်ရန် မြို့ခံမိဘများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသား များထံမှ အလှူ ခံပြီး ပြု လုပ်ရသည့် အတွက် အခက်ခဲများလည်း ရှိကြောင်းနှင့် ပြည်နယ်အစိုးရတွင် ဘက်ဂျက်တောင်းထား သော်လည်း မရရှိကြောင်းကိုလည်း ဆလိုင်းထန်းနိုင်းကပြောသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...