အွန်လိုင်းမှတဆင့် ကာမစိတ်ကြွဆေးရောင်းချသူကို ရဲမှ အသွင်ယူဖမ်းဆီး

အွန်လိုင်းမှတဆင့် ကာမစိတ်ကြွဆေးရောင်းချသူကို ရဲမှ အသွင်ယူဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကာမစိတ်ကြွဆေးဝါး များ ရောင်းချနေသူကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ချိန်းဆိုကာ အသွင်ယူဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါ ကာမစိတ်ကြွဆေးများရောင်းချနေသူမှာ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်နေ အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ)ရှက်ဖီးဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၃ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ် ကာမစိတ်ကြွဆေးဝါးများအား Facebook Online မှတစ်ဆင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် အွန်လိုင်းတွင် ပါရှိသည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ခဲ့ပြီး ကာမစိတ်ကြွဆေးဝါးများ လိုချင်ကြောင်း ဖုန်းဆက်ပြောဆို၍ ၂၈ လမ်း၊ ၇၆×၇၇ လမ်းကြားသို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ ချိန်းဆိုပြီး ယင်းနေရာမှ စောင့်ဆိုင်းနေစဉ် အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ) ရှက်ဖီးဆိုသူ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ ကာမစိတ်ကြွဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊ ရောင်းရငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ချမ်းအေးသာစံမြို့မရဲစခန်း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ထွဋ်အောင်(ခ)ရှက်ဖီးအား စစ်မေးရာ ၎င်းနေထိုင်သည့် Lucky 7 ဆေးဆိုင်အတွင်း၌ ကာမစိတ်ကြွ ဆေးဝါးများ ကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် အဆိုပါ ဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ကာမစိတ်ကြွဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၄ သိန်းခွဲကျော် (၄၆၅,၂၀၀)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 ထို့ကြောင့် သက်ထွဋ်အောင်(ခ)ရှက်ဖီးကို ထပ်မံပြီး အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၂၈ဝ/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...