မြန်မာကို ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာကို ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပြည်သူလူထု အားလုံးမှ ဝိုင်းဝန်းထိန်းသိမ်း ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဧပြီလ ၄ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပြည်သူလူထု နှင့် တွေ့ဆုံခဲ့သည့် စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ အားလုံးရဲ့ စုပေါင်းအင်အားနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည် တစ်ခု ဖြစ်ပါတယ်။ အားလုံးရဲ့ စုပေါင်းအင်အားနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ဖြစ်တာကြောင့် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဖို့က အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပုံစံသည် စကားလုံးအားဖြင့်သာ ပြည်ထောင်စုဖြစ်ပြီး တစ်ပြည် ထောင်ပုံစံ ဖြစ်နေသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ် (AA) က ပြည်ထောင်စုစနစ်ပုံစံဖြင့် မသွားလိုဘဲ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးသာ လိုလားသည်ဟု ပြောဆိုထားသည်။

ယင်းအပြင် UWSA ဝအဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကတောင်းဆိုထားသည့် နိုင်ငံရေးစနစ်ပုံစံသည် ဖက်ဒရယ်စနစ်ဖြစ်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ထဲတွင် မိမိလိုလားချက်များထက် နိုင်ငံ၏ ရေရှည်အကျိုးသက်ရောက်မည့် ကိစ္စရပ်ကို ဦးစားပေးရမည်ဟု ပါရှိသည်။

“နိုင်ငံတစ်နိုင်ငံမှာလည်း ကိုယ်လိုချင်တာပဲ ကြည့်လို့မရပါဘူး။ တစ်နိုင်ငံလုံးအတွက် ရေရှည် အကျိုး စီးပွားဖြစ်မယ့် ကိစ္စရပ်တွေကို ဦးစားပေးရမှာပါ။ ငါ ဆိုတဲ့ အတ္တစိတ်ကို ထိန်းရပါလိမ့်မယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပုံစံသည် ဗမာတိုင်းရင်းသားများအား ဗဟိုပြုတည်ဆောက်ထားပြီး ကျန်ရှိနေသည့် တိုင်းရင်းသားများအား နှိမ့်ချသည့် စနစ်မျိုး ဖြစ်နေခြင်းကြောင့် ပြည်ထောင်စုစနစ်ပုံစံ မဟုတ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများက  ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...