ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌ ရာထူးမှ နှုတ်ထွက်ခိုင်းခြင်းမှား ချစားတဲ့ကိစ္စနှင့် လှုမှုရေးပြသနာများကြောင့်မဟုတ်ဘဲ လမ်းတာချဲ့တာနဲ့ ပတ်သတ်ပြီး အတိုင်ခံရခြင်းကြောင့်ဖြစ်ကြောင်း မတ်လ ၃၀ရက်နေ့ မင်းတပ်မြို့တွင် ပြည်သူများထံ လွှတ်တော်ဒုဥက္ကဌဟောင်း ဦးအောင်သန်းမှပြောသည်။
“တိုင်တဲ့ကိစ္စကချစားတဲ့ကိစ္စလည်းမဟုတ်ဘူး၊ လူမှုရေးကိစ္စလည်းမဟုတ်ဘူး၊ ဗဟိုမှာလည်းပြောပြီးသား၊ ဒေါက်တာဇော်မင်းမောင်ကလည်းပြောတယ် ချစားတဲ့ကိစ္စမဟုတ်ဘူး၊ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူးတဲ့၊ ဒါပေမယ့် စည်းကမ်းထိမ်းသိမ်းရေးက ကျွန်တော်ကသွားပြီးတော့မဖြေရှင်းလို့ပါဆိုတဲ့အချက်နဲ့ ကျွန်တော့်ကိုထွက်ခိုင်းတယ်၊ ကျွန်တော့်ကိုသွားပြီးတော့ မဖြေရှင်းဘူးလို့ပြောတဲ့နေရာမှာ ဒေါက်တာနေဝင်းမြင့်က ကျွတ်တော့်ကိုပြောတယ်၊ ခင်ဗျားလမ်းတာချဲ့တဲ့ကိစ္စနဲ့အတိုင်ခံရတယ်လို့ ဟားခါးမှာပြောတယ်၊ ခင်ဗျားပြုပြင်မယ်ဆိုအချိန်ရှိသေးတယ်လို့ပြောတယ်၊ အဲလိုပြောတာက နှုတ်ထွက်ဖို့မလိုဘူးဆိုပြီး ကျွန်တော်နားလည်တယ်၊ အဲဒီနောက် နေပြည်တော်ကိုရောက်မှ ခင်ဗျားကိုစောင့်နေတယ်လို့ပြော်တယ်၊ အဲ့မှာကျွန်တော်သွားမရှင်းဘူး၊ လာရှင်းပါဆိုပြိး ကျွန်တော့်ကိုစာနဲ့လည်းမပို့ဘူးဖုန်းလည်းမဆက်ဘူး၊ ကျွန်တော့်ကို ပြုပြင်မယ်ဆိုရသေးတယ်လို့ ပြောတာကြောင့် ကျွန်တော်ကနောက်ကျရင် လုပ်တာကိုင်တာသတိထားရမယ်ဆိုပြီးတွေးတယ်။ ဒါပေမယ့်သူကလာမရှင်းတာကြောင့် မထီလေးစားလုပ်ပါတယ်ဆိုပြီး နှုတ်ထွက်သင့်ပါတယ်လို့ အစီရင်ခံစာတင်လိုက်တာဖြစ်တယ်”ဟု ဦးအောင်သန်းမှ အဆိုပါရှင်းလင်းပွဲတွင်ပြောသည်။
လွှတ်တော်ဒုဥက္ကဌဟောင်းဦးအောင်သန်း အတိုင်ကြားခံရသည့် လမ်းတာချဲ့ခြင်းကိစ္စမှာ မင်းတပ်မြို့တွင်းလမ်းအား ပေငါးဆယ်လမ်းအဖြစ် တိုးချဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းတာချဲ့ခြင်းကြောင့် နစ်နာသည့် အိမ်ခြေ ၇၃အိမ်ရှိပြီး အိမ်ခြေ၆၀ကို နစ်နာမှုအလိုက် နစ်နာကြေးပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်သည့် ကိုမာန်အွမ်မှ “လမ်းတာချဲ့တာကြောင့် အနားယူခိုင်းတယ်လို့ပြောပေမယ့် ကျွန်တော်တို့မရှင်းဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုဘာကြောင့် အတိုင်ကြားခံရလေဆိုတာ သူကိုယ်တိုင်ကမသိဘူး၊ ဒေါက်တာနေဝင်မြင့်ကနေပြောတာက လမ်းတာချဲ့တာကြောင့် အတိုင်ကြားခံရတယ် ဒီလောက်ဘဲပြောတယ်၊ လမ်းတာချဲ့ကိစ္စကြောင့် တိုင်ကြားခံရတယ်ဆိုတာတော့မရိုးရှင်းဘူး၊ အတိုင်ကြားခံရတယ်ဆိုလို့ရှိရင် လမ်းတာချဲ့တဲ့ကိစ္စမှာ နစ်သူတွေကို ချိန်းလားခြောက်လားနဲ့ မလိုသြဇာတွေသုံးလို့လား၊ ဒါမှမဟုတ် လမ်းတာချဲ့ကိစ္စမှာ လဘ်စားထားတာရှိလို့လား၊ ဆိုတော့ ဘာအတွက်နဲ့အတိုင်အကြားခံရတယ်ဆိုတာ ကျွန်တော်တို့လည်းမရှင်းဘူး”ဟု ပြောသည်။
လွှတ်တော်ဒုဥက္ကဌဟောင်း ဦးအောင်သန်းမှာ ၎င်း၏နှုတ်ထွက်စာကို မတ်လ ၂၈ရက်နေ့တွင်ကျင်းပသည့် ဒုယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော် ပုံမှန်းအစည်းအဝေးတွင် တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ကြောင်းသိရသည်။







