ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမျိုးသမီးပါဝင်မှု အားနည်းနေ

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမျိုးသမီးပါဝင်မှု အားနည်းနေ
by -
ကန္တာရဝတီတိုင်း(မ်)
ရွေးကောက်ပွဲတွင် လူမျိုးပေါင်း စုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်ဖြစ်သူ နောလူဒီးကို တိုင်းရင်းသားပါတီနှင့် လူထုညီလာခံတွင် မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ရွေးကောက်ပွဲတွင် လူမျိုးပေါင်း စုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်ဖြစ်သူ နောလူဒီးကို တိုင်းရင်းသားပါတီနှင့် လူထုညီလာခံတွင် မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများထဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင်မှုအားနည်းနေ သည်ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) မှ ပါတီဝင် နော်လူဒီးက ပြောသည်။

“လက်ရှိ ကျမတို့ ကြည့်တာ ဒီ ၃ ပါတီကတော့ အမျိုးသမီး ပါဝင်ဖို့ ရာခိုင်နှုန်း အရမ်းနည်းနေတယ်။ တစ်ပါတီ တစ်ယောက်လောက် ပဲ ထွက်ရင်ထွက်မယ်” ဟု မနော်လူဒီးက ပြောသည်။

ပြည်နယ်တွင်းရှိ တိုင်းရင်းသား ပါတီ ၃ ပါတီ ဖြစ်သော ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) တို့တွင် ပါတီဝင်လှုပ်ရှားမှုများအရ အမျိုးသမီးများ အားနည်းနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားပါတီများအတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားခြင်း မရှိသေးကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဥက္ကဌ ဦး ဒယ်နီယယ်ကပြောသည်။

“အဲဒါကတော့ လျာထားတာမရှိသေးလို့ ဒါပေမဲ့မြင်ထားတာတော့ ရှိတယ်ပေါ့” ဦဒယ်နီယယ်က ပြောသည်။

ယခုကဲ့သို့ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အားနည်းနေရခြင်းမှာ နိုင်ငံရေးစိတ်ပါဝင်စားသည့် အမျိုးသမီးများနည်းပါးခြင်း၊ အသိပညာနည်းပါးခြင်း၊ အကြောက်တရားများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)မှ ပါတီဝင် ဦးဘားရယ်ကပြောသည်။

၎င်းက “မိန်းကလေးတွေကိုယ်၌က စိုးရွံ့မှုအပိုင်းတွေမှာ ရှိနေတယ်။ ခေတ်ကာလရဲ့အမွေပေါ့။ မရှိဘူး ရှာလို့မတွေ့ဘူး။ ကျနော်လိုက်ရှာနေတာ ရှာလို့မတွေ့ဘူး” ဟု ပြောသည်။

အမျိုးသမီးများအနေဖြင့် နိုင်ငံရေးကို စိတ်ပါဝင်စားသူများ ရှိသော်လည်း ၎င်းတို့ကို လက်တွဲခေါ်ရန် လိုအပ်နေကြောင်း မနော်လူဒီးက ထပ်လောင်းပြောကြားသည်။

“သူတို့မှာ အဲ့လောက် သွားပြီးတော့ ရွေးချယ်ဖို့ ခွန်အားမရှိသေးဘူးပေါ့နော။ အားမရှိသေးဘူး” ဟု မနော်လူဒီးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ ကယားပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားလွှတ်တော်တွင် တစ်ဦးသာရှိပြီး ပြည်နယ်လွတ်တော်နှင့် ပြည်နယ်အစိုးရ အတွင်းတွင် အမျိုးသမီးပါဝင်မှု မရှိသေးကြောင်း တွေ့ရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...