စစ်မှန်သော ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေး ဦးဆုံးကြိုးပမ်းမည်ဟု မဟာမိတ် တိုင်းရင်းသားပါတီများပြော

စစ်မှန်သော ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေး ဦးဆုံးကြိုးပမ်းမည်ဟု မဟာမိတ် တိုင်းရင်းသားပါတီများပြော
by -
ကန္တာရဝတီတိုင်း(မ်)
မဟာမိတ်ဖွဲ့ထားသည့် ကယားပြည်နယ်မှ ဒေသခံတိုင်းရင်းသားပါတီ ၃ ပါတီမှ ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-ကေတီ)
မဟာမိတ်ဖွဲ့ထားသည့် ကယားပြည်နယ်မှ ဒေသခံတိုင်းရင်းသားပါတီ ၃ ပါတီမှ ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-ကေတီ)
၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့နှင့် လွတ်တော်များတွင် ပါဝင်လာနိုင်ပါက စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေး အဓိက ဦးစားပေး ကြိုးပမ်းသွားကြမည်ဖြစ်ကြာင်း ကယားပြည်နယ်တွင်း မဟာမိတ် ပြုလုပ်ထားကြသော တိုင်းရင်းသား ပါတီ ၃ ခုက တိုင်းရင်းသားပါတီများနှင့် လူထုညီလာခံအပြီး ထုတ်ဖော် ပြောဆိုလိုက်သည်။

“ဖယ်ဒရယ်ဒီမိုကရေစီစနစ် ကျနော်တို့ မဖော်ဆောင်နိုင်ဘူးဆိုရင် ကျနော်တို့ သွားမည့် ရှေ့နိုင်ငံရေး ခရီးလမ်းစဉ်ဟာ အင်မတန်မှ နှောင့််နှေးပြီးတော့ ပြဿနာပေါင်းစုံကြံုတွေ့ရမယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်” ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးဒယ်နီယာကပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု အကောင်ထည်ဖော်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ပြီး မိမိတို့ပါတီ၊ အဖွဲ့တစ်ခုထဲသာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်ဆောင်ရွက်သွားရန်လိုကြောင်း ဦးဒယ်နီယာက ဆက်ပြောသည်။

မေလ ၁၁ ရက်မှ ၁၃ ရက်အထိ လွိုင်ကော်မြို့ ချိကယ်ကျေးရွာ ကေ့ထျိုးဘိုးဟောခန်းမတွင် တိုင်းရင်းသားပါတီများနှင့် လူထုညီလာခံ ပြုလုပ်စဉ် လွိုင်ကော်မြို့နယ်မှ ကိုယ်စားလှယ် ခူးဦးရယ်က “အချုပ်အခြာအာဏာ သုံးရပ်လုံးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိဖို့ လိုအပ်ပါတယ်” ဟု တင်ပြသွားသည်။

လူထုများ၏ ကြံုတွေ့နေကြရသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး ပြဿနာများကို ညီလာခံတွင် တင်ပြဆွေးနွေးခဲ့ကြသည်။

ညီလာခံမှ လူထုတင်ပြထားသည့် အကျိုးပြုလုပ်ငန်းစဉ် (ရေတိုလုပ်ငန်းစဉ်နှင့် ရေရှည်လုပ်ငန်းစဉ်များ၊ မူဝါဒလမ်းစဉ်) အတွက် အကြံုပြုချက်များကို ကောက်ခံရရှိထားပြီး ပါတီကိုယ်စားလှယ်များမှ အစိုးရဖြစ်စေ လွှတ်တော်တွင်းဖြစ်စေ ဝင်ရောက်ခဲ့လျှင် ၎င်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

၎င်းလုပ်ငန်းစဉ်များမှာ ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့် အစိုးရက လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။

“လောလောဆယ် လိုအပ်နေတာကို လက်ရှိ အထူးသဖြင့် ပြည်နယ်အစိုးရနဲ့ တိုက်တွန်းမယ် အကြံပေးမယ်။ လိုအပ်ရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ” ဟု ဦးဖိုးရယ်ကပြောသည်။

လက်ရှိတွင် မိမိတို့အနေဖြင့် အစိုးရအဖွဲ့ဝင်မဟုတ်သေးသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိပဲ လက်ရှိ အစိုးရအဖွဲ့ထံသို့ တိုက်တွန်းတင်ပြနိုင်သည့် အဆင့်သာရှိနေကြောင်း ဦးဒယ်နီယယ်က ပြောသည်။

ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတ (ကယားပြည်နယ်)နှင့် ကယန်းအမျိုးသားပါတီတို့သည် မဟာမိတ်ဖွဲ့ထားကြပြီး လွတ်တော်သုံးရပ်အတွင်း ပါဝင်နိုင်ရေး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...