စီးပွား/ကူးသန်း ညွှန်ချုပ်တစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ

စီးပွား/ကူးသန်း ညွှန်ချုပ်တစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီ ၁၄ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကာကယံရှင်ဖြစ်သူ ဦးရန်နိုင်ထွန်းကို မဇ္ဈိမက မွန်းလွဲ ၂နာရီခွဲတွင် ဆက်သွယ် မေးမြန်းခဲ့ရာ “ဝန်ကြီးရုံး မေးကြည့်လိုက်တာ ကောင်းမယ်ထင်တယ်။ ဝန်ကြီးမေးကြည့်လိုက်ပါ။ ၄၀၈၀၀၆ ကို မေးကြည့်လိုက်ပါ” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး ကာကယံရှင်ဖြစ်သူ ဦးရန်နိုင်ကို မဇ္ဈိမက မွန်းလွဲ ၂နာရီခွဲတွင် ဆက်သွယ် မေးမြန်းခဲ့ရာ “ဝန်ကြီးရုံး မေးကြည့်လိုက်တာ ကောင်းမယ်ထင်တယ်။ ဝန်ကြီးမေးကြည့်လိုက်ပါ။ ၄၀၈၀၀၆ ကို မေးကြည့်လိုက်ပါ” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

 အဆိုပါ ဝန်ကြီးရုံးဖုန်း ၀၆၇-၄၀၈၀၀၆ အပြင် ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်သော်လည်း ယင်းကိစ္စကို အတည်ပြုခြင်းမရှိပေ။

“ဝန်ထမ်းအဖွဲ့အစည်းအကြီးမှူးအား ရာထူးမှ ထုတ်ပယ်ခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့်  ထုတ်ပြန်ထားသည့် သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၈နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၆တို့ပါ ပြဌာန်းချက်များအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးရန်နိုင်ထွန်းကို ယနေ့မှစ၍ ရာထူးမှ ထုတ်ပယ်လိုက်သည်” ဟူ၍ ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ထုတ်ပယ်လိုက်သည်ကို လက်ရှိတွင် မသိရှိရသေးဘဲ မဇ္ဈိအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။ အစိုးရအနေဖြင့်လည်း ကာကယံရှင်၏ ဂုဏ်သိက္ခာအရ ထုတ်ပယ် ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလေ့ မရှိပေ။

 NLD အစိုးရသက်တမ်း သုံးနှစ်နီးပါးအတွင်း ပြည်ထောင်စုအဆင့် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကိုလည်း ယခုကဲ့သို့ပင် ရာထူးမှ ထုတ်ပယ်ခဲ့ဖူးသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...