စိုက်ပျိုးနေသည့် မြေယာများကို ပအိုဝ့်ဖြူအဖွဲ့ သိမ်း

စိုက်ပျိုးနေသည့် မြေယာများကို ပအိုဝ့်ဖြူအဖွဲ့ သိမ်း
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ လွိုင်လင်လေးနှင့် ထီးစဲခါးကျေးရွာရှိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် မြေယာများကို ပအိုဝ့်ဖြူ ပြည်သူ့စစ် (PNA) လက်နက်ကိုင် တပ်ဖွဲ့ကတောင်သူများကို ခြိမ်းခြောက် မောင်းထုတ်ပြီး မြေယာများကို သိမ်းပိုက်လိုက်သည်ဟု မြေသိမ်းခံ တောင်သူများက ပြောသည်။

“ဒီမြေယာတွေဆိုတာက မနေ့ကပဲ ခုတ်ပြီး လုပ်စားတာမဟုတ်ဘူး၊ ဘိုးဘွားရဲ့ လက်ငုတ်လက်ရေးတွေကို လုပ်စားလာတာ၊ အခုက မလုပ်စားရတော့ဘူးဆိုတော့ ငတ်မှာပေ့ါ၊ တခြားလုပ်ဖို့ တောင်ယာတွေလည်းမရှိဘူး”ဟု တောင်သူတစ်ဦးက ပြောသည်။

မြေယာ ဧက ၁၀၀ ကျော်သိမ်းယူထားပြီး အချို့ယာခင်းများသည် ထွန်ယက်ထားပြီး ဖြစ်သော်လည်း ဆက်လုပ်ကိုင်ခွင့် မပေးဘဲ PNA တပ်သားများက ၀င်ရောက် ထွန်ယက်နေသည်ဟု ဆိုသည်။

ထို သိမ်းဆည်းခံရသော မြေဧရိယာတွင် တောင်ယာလုပ်ကိုင်နေသည့် တောင်သူ ၂၅ ဦးရှိပြီး ၁ ဦးသာ ပုံစံ ၁၀၅ ရှိပြီး ကျန်တောင်သူများမှာ မြေယာ ပြေစာများ မရှိဟု ဆိုသည်။

မြေယာများကို လုပ်ကိုင်ရန် မြေစာရင်းဌာနသို့ လျှောက်ထားသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ကျေးရွာ အုပ်စုမှူးများထံမှ ထောက်ခံစာကို ရယူ လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။

pao consfi news

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးနောက် ၂ နှစ်တာ ကာလတွင် တောင်ယာလုပ်ကိုင်သူများ စိုက်ပျိုးခြင်း မပြုရန် ခြိမ်းခြောက်မှုများ၊ လက်နက်ပြ မောင်းထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တောင်သူများက ပြောသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...