ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ မြို့နယ် ၃ ခုတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လတ်မှတ်ရရှိရန် ကူညီမည်

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ မြို့နယ် ၃ ခုတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လတ်မှတ်ရရှိရန် ကူညီမည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့နယ်များမှ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ရ ရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟု ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂက ပြောသည်။

ကရင်နီပြည် တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဋ္ဌ ဦးသဲရယ်က “မြေယာဥပဒေသနဲ့ပက်သက်ပြီးတော့ ချပြမယ်၊ ပညာပေးမယ်၊ ပြီးတော့မှသူတို့ရဲ့ဆန္ဒကို ကျနော်တို့မေးမယ်၊ ပြီးတော့ သူတို့ရွာမှာ ပုံစံ ရ ဘယ်လောက်ရထားပြီလဲ မရသေးတာဘယ်လောက်ရှိပြီလဲ ဆိုတဲ့ စာရင်းကို ကျနော်တို့ကောက်မယ်၊ မရသေးတာတွေကို စာရင်းလုပ်ပြီး မြေစာရင်းတွေ၊ အုပ်ချုပ်ရေးတွေနဲ့ညှိမယ်၊ ပုံစံ(၇)ရအောင် ကျနော်တို့လုပ်သွားမယ်”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တောင်သူများက ပုံစံ ရ ကို လိုချင်သော်လည်း အစိုးရက အမြဲတမ်း လုပ်ဆောင်ပေးမှု မရှိခြင်းမှာလည်း မဖြစ်သင့်ကြောင်း ဦးသဲရယ်က ထောက်ပြသည်။

အစိုးရမြေစာရင်းဌာနများက ပုံစံ ရ များ လုပ်ပေးရာတွင် ကြန့်ကြာမှုများ ရှိနေသည့်အတွက် အခက်အခဲ အမျိုးမျိုး ရှိနေသည်ဟု ဒီးမောဆိုမြို့နယ် တောင်သူ ဦးဆားကပြောသည်။

“ကျနော်တို့ လုပ်ဖို့ဆို အရမ်းကြာတယ်၊ မြေစာရင်းက လာတိုင်းမယ်ပြောတယ်၊ ရောက်မလာဘူး၊ ပုံစံ ရ ဆိုတာ သူတို့ သတ်မှတ်ထားတဲ့ ရက်ကျော်ရင် မလုပ်ပေးတော့ဘူး၊ ဒါကြောင့်မရသေးတဲ့သူတွေ အများကြီးရှိတယ်”ဟု သူက ပြောသည်။

၂၀၁၂ လယ်ယာမြေဥပဒေသည် တောင်သူများအတွက် သဟဇာတမဖြစ်သော်လည်း နိုင်ငံက ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ပုံစံ ရ ကို လုပ်ဆောင်ထားခြင်းသည် တောင်သူများအတွက် အကာအကွယ် ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးကပြောသည်။

“ကျနော်တို့ ဒီဥပဒေတွေက တောင်သူတွေနဲ့ သဟဇာတဖြစ်မှာတော့မဟုတ်ဘူး၊ ဒါပေမယ့် ကိုယ့်ရပိုင်ခွင့် တခုအနေနဲ့ ပုံစံ ရ တွေကတော့ မဖြစ်မနေလုပ်ထားသင့်တယ်၊ နောက်ဆို အကာကွယ်တခုလည်း ဖြစ်လာနိုင် တယ်”ဟု သူက ပြောသည်။

ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ရ ကို မြို့နယ် ၃ ခုတွင် လုပ်ဆောင်ပြီးပါက အခြားမြို့နယ်များကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...