ရွာအလိုက် မဲရုံထားပေးရန် တိုင်းရင်းသားပါတီများ တောင်းဆို

ရွာအလိုက် မဲရုံထားပေးရန် တိုင်းရင်းသားပါတီများ တောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပြည်နယ်ကော်မရှင်ရုံးတွင်တွေ့ဆုံကြစဉ် (ဓါတ်ပုံ - ဦးမြာ(ကေတီ))
ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပြည်နယ်ကော်မရှင်ရုံးတွင်တွေ့ဆုံကြစဉ် (ဓါတ်ပုံ - ဦးမြာ(ကေတီ))
၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်တွင် ကျေးရွာများတွင် မဲပေးရာတွင် မျှမျှတတနှင့် ပွင့်လင်းမြင်သာမှုရှိရန် ကယား(ကရင်နီ) ပြည်နယ်ရှိ ကျေးရွာတိုင်း မဲရုံထားပေးသင့်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ဒုဥက္ကဋ္ဌ ဦးဆော်လမွန်က တောင်းဆိုလိုက်သည်။

“တောထဲမှာသွားလာရေးခက်ခဲတယ်၊ ရွေးကောက်ပွဲလုပ်ရင် မိုးရာသီလောက်ကျမယ်ဆိုတော့ ဆိုင်ကယ်တွေ ဘာတွေနဲ့ သွားလာဖို့ခက်ခဲတယ်၊ တစ်ရွာကို မဲရုံတစ်ရုံလောက်လုပ်ပေးပါ”ဟု ဦးဆော်လမွန်က ပြောသည်။

မေ ၁၄ ရက် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ပွင်းလင်းမြင်သာမှုရှိရန် နိုင်ငံရေး ပါတီများနှင့် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ပြည်နယ်ရှိ ကျေးရွာအုပ်စု တစ်စုတွင် မဲရုံ တစ်ရုံစီထားရှိမှာဖြစ်ပြီး သွားလာရေးခက်ခဲသည့် နေရာများတွင် မဲရုံ ၂ ရုံ ထားမည် ဖြစ်ကြောင်း တစ်ရွာတစ်ရုံ ထားရန် မဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောဆိုသည်။

မဲစာရင်းကို ရပ်ကျေးကော်မရှင်ရုံးများတွင် ကပ်ပေးမည် ဖြစ်ပြီး ပြည်သူများ လာရောက်ကြည့်ရှုရန် နိုးဆော်မှုများ ပြုလုပ်နေသကဲ့သို့ လူထု အခြေပြုအသင်းအဖွဲ့အစည်းများကို လိုက်လံနှိုးဆော်ပေးရန် အကူအညီ တောင်းထားသည်ဟု ဦးကျော်ဆန်းဝင်းက ဆက်ပြောသည်။

မဲစာရင်းများကို ပြည်သူများ ကြည့်ရှု့ရန်လွယ်ကူမည့်နေရာတွင် ကပ်ထားပေးသင့်ကြောင်း ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်စည်သူက ပြောသည်။

” ပြည်သူတွေက စိတ်ဝင်စားမှုနည်းတယ်၊ ကိုယ့်အလုပ်မဟုတ်ဘူးထင်တယ်၊ အရင်ကကြောက်စိတ်တွေလည်း မပျောက်သေးဘူး၊ မဲကို ပြည်သူတွေမဝင်ရဲတဲ့ ရုံးတွေမှာ မကပ်သင့်ဘူး” ဟု သူက ပြောသည်။

အိမ်ထောင်စု စာရင်းကို အခြေခံပြီး ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းကောက်ခံမှုအရ ပြည်နယ်တွင်း မဲထည့်နိုင်သူ ၁၅၉၅၄၅ ရှိနေကြောင်း သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...