မော်လမြိုင်မြို့ရှိ စျေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်း ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု

မော်လမြိုင်မြို့ရှိ စျေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်း ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု
by -
သံလွင်တိုင်းမ်
ဓါတ်ပုံ – ခန္တီ
ဓါတ်ပုံ – ခန္တီ
မော်လမြိုင်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း (စျေးကြို ) ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု လိုက်ကြောင်း ပြည်နယ်အစိုးရုံးမှ သတင်းရရှိသည်။

ကုန်တင်ယာဉ် အများဆုံး ရပ်နားသည့် အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ပွဲရုံတန်းများနှင့် ကုန်တင် ယာဉ်များ အဝင်အထွက် များလာခြင်းကြောင့် မြေနေရာ အခက်ခဲဖြစ်ကာ ထိုကားကွင်းပြောင်းရွေ့ရန် ပြည်နယ်အစိုးရမှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ကားကွင်းကို ကားကွင်းလိုပဲထားသင့်တယ်။ ကားကွင်းထဲမှာ ပွဲရုံတို့ ကုန်စည်ဒိုင် ခန်းမတို့ ဆောက် လိုက်တော့ မြေနေရာ တော်တော်ကျဉ်းသွားတယ်။ ကားကွင်းအတွက် မြေနေရာရှာနေတုန်းပဲ ။ မီးရထားပိုင် မြေကို တောင်းထားတာ သူတို့က ယာယီပဲ ပေးမယ်ဆိုတော့ အဆင်မပြေဘူး။ မြေနေရာရမှ အကောင်အထည် ဖော်ဖြစ်သွားမယ်။ “ ဟု မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ပြောသည်။

မော်လမြိုင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ခရိုင်မှူး ၊ မော်လမြိုင်ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လမြိုင်နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင် အရာရှိ၊ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ဥက္ကဋ္ဌ တို့အား မြေနေရာ ရှာဖွေးရန်အတွက် ဖွဲ့စည်းပေးထားကြောင်း ပြည်နယ်အစိုးရရုံးမှ သိရှိရသည်။

မြေနေရာ ရှာဖွေးရေး အဖွဲ့ အနေဖြင့် ကုန်တင်ယာဉ်များ ရပ်နားစခန်းအတွက် သင့်လျော်သော မြေ နေရာများ ရှာဖွေ၍ အဆင့် (၁) (၂) (၃) တို့ဖြင့် သတ်မှတ်ကာ ပြည်နယ်အစိုးရ အဖွဲ့ထံ ပြန်လည် တင်ပြရ မည်ဖြစ်သည်။

“အခုလို ပြောင်းရွေ့ပေးလိုက်တော့ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေ အတွက် ကောင်းသွား မယ်။ ယာဉ်မတော်တဆမှုတွေလဲ နည်းသွားမယ်။ မြို့အင်္ဂါရပ်နဲ့လဲ ညီသွားမယ်။ မဟုတ်ရင် ကားတွေက ဟိုမှာရပ် ဒီမှာရပ်ဆိုတော့ ပွဲရုံတန်းက တိုင်ကြားတာတွေ ရှိတယ်။ ပြောင်းလိုက်တာ တော်တော်ကို အဆင်ပြေသွားမယ်“ ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

ယာဉ်ရပ်နားစခန်းတွင် တစ်နေ့လျှှင် ကုန်တင်ယာဉ် အစီးရေး သုံးဆယ်ထိ ရပ်နားကြောင်း၊ ထို့ယာဉ်ရပ် နားကွင်းတွင် တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် အဝေးပြေး မှန်လုံးယာဉ်လိုင်း ဂိတ် ၂၀ ကျော် ရှိသည် ဟု ဦး ကျော်ဝင်းမောင်က ဆိုသည်။ ၂၀၀၅ ခုနှစ် က စျေးကြိုကားကွင်းတွင် မော်လမြိုင် ကုန်တင်ယာဉ် ရပ်နားစခန်း ဖြင့် သတ်မှတ်ထားကြောင်း ဦးကျော်ဝင်းမောင်ထံမှ သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...