ဒေသခံများ၏ မြေဧက ငါးသောင်းတွင် သတ္တုစမ်းသပ်တိုင်းတာခွင့် ဒေသခံများကန့်ကွက်

ဒေသခံများ၏ မြေဧက ငါးသောင်းတွင် သတ္တုစမ်းသပ်တိုင်းတာခွင့် ဒေသခံများကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)
ဖားဆောင်းမြို့နယ်အတွင်းရှိ မိုးဆာခီးဒေသတွင် ဒေသခံများ၏ မြေယာဧက ငါးသောင်းကို ခဲမဖြူအဖြိုက်နက် သတ္တုစမ်းသပ် တိုင်းတာခွင့်ပြုရန် ကုမ္ပဏီများက အစိုးရထံလျှောက်ထားနေမှုအပေါ် ဒေသခံများက ကန့်ကွက်ကြောင်း သောသီခို လူမှုအထောက်အကူပြု အဖွဲ့မှ နော်လူဒီးက မေလ ၁၁ ရက်နေ့တွင် ပြောသည်။

“ဧက ငါးသောင်းအတွင်းမှာ လာလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေကတော့ လုံးဝမကြိုက်ဘူး။ ဘာဖြစ်လို့လဲဆို သူတို့လုပ်စားတဲ့ သူတို့မြေယာတွေလည်းပါတယ်။ အဲမှာ ဖာလာခြံလည်းပါတယ်” ဟု မနော်လူဒီးက ပြောသည်။

အစိုးရ သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့်အတူ မိုးဆာခီးကုမ္ပဏီ လိမိတက်မှ မိုးဆာခီးဒေသအတွင်း လုပ်ငန်းဆောင်ရွက်ရန် အကြောင်းကြားစာကို ဒေသခံထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ကုမ္ပဏီမှ လုပ်ငန်းလုပ်ဆောင်ရွက်ရန် လုပ်ကွက် ၃ခု ကိုဖော်ပြထားပြီး အဆိုပါ လုပ်ကွက်အတွင်း ဒေသခံများ၏ အိုးအိမ်များ၊ တောင်ယာမြေများ နှင့် သာသနာ အဆောက်အုံများ တည်ရှိနေသည့် အတွက် ကန့်ကွက်ကြောင်း သောသီခို လူမှုအထောက်အကူပြုအဖွဲ့မှ ဧပြီလ ၁၆ ရက်နေ့က ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။

သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဆောင်ရွက်သည့်အဖွဲ့ (EITI) အဖွဲ့မှ ကိုကျော်ထင်အောင်ကလည်း မိမိတို့ EITI အဖွဲ့မှ ကယားပြည်နယ်အတွင်း အကောင်ထည် ဖော်ဆောင်ရွက်နေသော စီမံကိန်းများကို လေ့လာ စောင့်ကြည့်သွားမည်ဟု ပြောသည်။

“ကျနော်တို့ကတော့ လေ့လာစောင့်ကြည့်နေတယ်။ သူတို့ရဲ့ လုပ်ကိုင်ဆောင််ရွက်မှုအချက်အလက်မှာ လိုအပ်ချက်တွေ ရှိနေရင်တော့ ကျနော်တို့ လိုအပ်ရင် လိုအပ်တဲ့ ပုံစံနဲ့သတင်းထုတ်ပြန်မှုနဲ့ တောင်းဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်” လို့ သယံဇာတတူးဖော်ထုတ်လုပ်မှု လုပ်ငန်းများပွင့်လင်း မြင်သာရေး ဆောင်ရွက်သည့်အဖွဲ့ (EITI) အဖွဲ့မှ ကိုကျော်ထင်အောင်က ပြောသည်။

ဖားဆောင်းမြို့နယ်တွင် လက်ရှိ သတ္တုတူးဖော်နေသော ဦးပိုင်မြေ ဧက ရ၈၀၁ ရှိကာ ထပ်မံ၍ မြေဧက ငါးသောင်းကို လုပ်ကိုင်လျှင် ဖားဆောင်းမြို့နယ်၏ လေးပုံ တစ်ပုံခန့်မှာ သတ္တုတွင်း ဧရိယာဖြစ်သွားမည်ဖြစ်ကြောင်း မနော်လူဒီးက ဆိုသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...