UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ က ကချင်လူထုနှင့် တွေ့ဆုံ

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ က ကချင်လူထုနှင့် တွေ့ဆုံ

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေး ပါတီများ အစုအဖွဲ့ နှင့် ကချင်ပြည်နယ် လူထု ပထမဆုံး တွေ့ဆုံပွဲကို သြဂုတ် (၃၁)ရက်နေ့တွင် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့သည်။

မဂျွယ်ခန်းမဆောင် လူထုအစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေးတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများ မည်သည့် အတိုင်းအတာထိ ရောက်နေပြီ ဖြစ်ကြောင်း ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် သိစေလိုသောကြောင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု UPDJC အတွင်းရေးမှုး ဦးစိုင်းကျော်ညွန့် ပြောပါသည်။

ဦးစိုင်းကျော်ညွန့် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း နှင့် ဦး ခိုင်ကျော်မိုး က ဖက်ဒရယ်စနစ်ဆိုင်ရာ အချက်အလက်များကို ရှင်းပြခဲ့ပြီးနောက် လူထုဘက်မှ မေးခွန်းများကို ဖြေကြား ဆွေးနွေးခြင်းဖြင့် အစီစဉ် အဆုံးသတ်ခဲ့သည်။

Union Peace Dialogue Joint Committee နိုင်ငံရေးပါတီ အစုအဖွဲ့ (၂၃)ပါတီ ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အကြောင်းအရာများ ပြန်လည် သုံးသပ် ခြင်းနှင့် ဒေသခံ နိုင််ငံရေး ပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို သြဂုတ် ၂၉ နှင့် ၃၀ ရက်နေ့ မြစ်ကြီးနား ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

သြဂုတ် (၃၁)ရက်နေ့က ကျင်းပသည့် လူထုအစည်းအဝေးတွင် ကချင်နိုင်ငံရေး ပါတီဝင်များ အပါအဝင် ပြည်သူလူထု စုစုပေါင်း ၃၀၀ ခန့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

အလားတူ လူထုရှင်းလင်းပွဲများကို UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ မှ တိုင်း (၁)တို်င်း နှင့် ပြည်နယ် (၃)ပြည်နယ်တွင် ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားပါသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...