'ငြိမ်းချမ်းရေးအလှမ်းဝေးနေဆဲလား' ခေါင်းစဉ်ဖြင့် မြစ်ကြီးနားတွင် ဆွေးနွေးပွဲ ပြုလုပ်

'ငြိမ်းချမ်းရေးအလှမ်းဝေးနေဆဲလား' ခေါင်းစဉ်ဖြင့် မြစ်ကြီးနားတွင် ဆွေးနွေးပွဲ ပြုလုပ်

၂၁ ရာစု ပင်လုံညီလာခံကို ၃ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးရရှိလာရန် မည်သည့် အချက်အလက်များ ဆက်လက် လုပ်ဆောင်ရမည်အကြောင်း အပြန်အလှန်ဆွေးနွေးမှုကို စက်တင်ဘာ ၁ ရက်နေ့ တွင် Humanity institute (HI) အဖွဲ့ ဦးဆောင်ပြီး မြစ်ကြီးနား ပန်ဟုတ်ဒူဝါခန်းမ တွင် ပြုခဲ့သည်။

ဆွေးနွေးမှုကို ‘ပြည်တွင်းငြိမ်းချမ်းရေးအလှမ်းဝေးနေဆဲလား’ ခေါင်းစဉ်ဖြင့် ပြုလုပ်သွားပြီး ငြိမ်းရေးကိုဖော်ဆောင်နေသော အဖွဲ့အစည်းများ၏ သဘောထား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထား အပြင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် သဘာဝသယံဇာတ ပတ်သက်မှု စသည့်အမြင်များကို ဆွေးနွေးခဲ့ပါသည်။

ပြည်သူလူထု၏သဘောထားများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဆင့်ဆွေးနွေးမှုတွင် တင်ပြနိုင်ခွင့်မရှိသည့် အပြင်၊ ဆွေးနွေးရာတွင်လည်း အမျိုးသားအဆင့်၊ လူမျိုးအဆင့် ပါဝင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေးခရီးစဉ်တွင် အခက်တွေ့နေကြောင်းကို Humanity Institute မှတာဝန်ခံ ဦး Naw Htoi က ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ကြည့်မယ်ဆိုရင် ပေါ်လစီတွေကို ဆွေးနွေးလို့ရတယ်။ ရေးလို့ရတယ်။ UPDJC တင်ပြရတယ်။ ဒါပေမယ့်တင်ပြမှုကို ပြောဆိုခွင့်မရှိဘူး။ သူတို့သတ်မှတ်ထားတဲ့ လူတွေနဲ့ဘဲလုပ်ဆောင်သွားတယ်။ ကျနော်တို့ကိုယ်တိုင်တင်ပြခွင့် မရှိဘူးဆိုရင်တော့အလားကားဘဲ။ ပြီးရင်ဆွေးမှုမှာလည်း အမျိုးသားအဆင့်၊ လူမျိုးအဆင့်မပါဘူး။ ဒီအဆင့်တွေမပါရင်တော့ ဘယ်လိုမှ ရှေ့တိုးလို့မရဘူး။”

ဆွေးနွေးပွဲကို ဦးဆောင်သူခဲ့သူများမှာ UPDJC မှ စိုင်းကျော်ညွန့်၊ ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့ အစည်းမှ ဆရာဂျော်ဂွန်း (CSO) နှင့် ကျေက်မျက်မူဝါဒ အဖွဲ့အစည်းမှ ဦးမုန်ဒန် တို့က ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ စကားဝိုင်းကို ဆွေးနွေးခဲ့ကြသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...