ရေဘေးဒဏ်ကြောင့် ကံလှ Kasung စစ်ရှောင်များ မြစ်ကြီးနားသို့ ထပ်မံ ပြောင်းရွှေ့ရ

ရေဘေးဒဏ်ကြောင့် ကံလှ Kasung စစ်ရှောင်များ မြစ်ကြီးနားသို့ ထပ်မံ ပြောင်းရွှေ့ရ

ကချင်ပြည်နယ် နမ္မတီးမြို့ ကံလှရပ်ကွက် AG ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော Kasung (Hka Nan) စစ်ရှောင်များသည် စခန်းတွင်း မကြာခဏ ရေလွမ်းမိုးခြင်းဒဏ်ကို ဆက်လက် မခံနိုင်သောကြောင့် မြစ်ကြီးနားမြို့ ဘက်သို့ လွန်ခဲ့သောအပတ် ရွှေ့ပြောင်းခဲ့ရသည်။

စစ်ရှောင်မိသားစု (၂၈)စုမှ စုစုပေါင်းလူဦးရေ ၁၄၂ ဦး သည် သြဂုတ် (၂၂)မှစပြီး ပမ္မတီးရပ်ကွက် နယ်မြေ (၅) တွင် မိုးကာတဲများ ထိုးကာ ခက်ခဲစွာ နေထိုင်နေကြပါသည်။

တိုက်ပွဲများဖြစ်ပွား၍ စစ်ရှောင်ရသည်သာမက ရေလွှမ်းမိုးမှုကြောင့် ထပ်မံရွေ့ပြောင်းရသဖြင့် ယခုချိန် စားဝတ်နေရေး၊ ပညာရေးအပြင် အဖက်ဖက်မှ လိုအပ်ချက်များစွာဖြင့် ကြုံနေရကြောင်း ကို ရွှေ့ပြောင်းစစ်ရှောင်တာဝန်ခံ ဦးသောင်းဆွေ က ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“ကျနော်တို့ နမ္မတီး ကံလှမှာ ရေလွှမ်းမိုးတာ ခံရတဲ့အတွက် လုံးလုံးနေလို့ မရတော့ဘူး။ (၆)လ ပိုင်းတုန်းကဆို ရေက ၃-၄ ပေ လူအိပ်တဲ့နေရာအထိ တက်လာတယ်။ အခု (၇)လ၊ (၈)လ ဆို ပိုပြီး နေလို့ မရတော့ဘူး။ နေတဲ့အဆောင်ကရေပြည့်။ နေစရာအခန်းကကျဉ်း။ ဒါကြောင့် ရွှေ့ပြောင်းခဲ့တာပါ။”

စစ်ရှောင်များသည် မိသားစုအလိုက် မည်သည့်အဆောက်အအုံမျှ မရှိသော ခြံလွတ်ထဲတွင် ယာယီ မိုးကာတဲများ ထိုးကာ ခက်ခဲစွာ နေထိုင်နေကြသည်ကို တွေ့ရပါသည်။

ထို့အပြင် မည်သည့် အကူညီမျှ မရရှိသေးသောကြောင့် စားဝတ်နေရေးအတွက် လည်း အရေးတကြီး လိုအပ်နေပါသည်။

ယခုလိုဖြစ်ပျက်နေသော အခက်အခဲပြဿနာများကို အမြန်ဆုံးအဆင်ပြေလာနိုင်ရန် သက်ဆိုင်ရာ အစိုးရ နှင့် အဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်ပေးရန် ဒုက္ခသည်များ တောင်းဆိုနေကြပါသည်။

လွန်ခဲ့သော ဧပြီလ (၂၁)ရက်နေ့ Kasung (ကဆုန့်) ကျေးရွာတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်လာသောကြောင့် စစ်ရှောင်ရွာသားများ နီးစပ်ရာ ကံလှ AG (Assembly of God) ဘုရားကျောင်းတွင် (၄)လခန့် တိမ်းရှောင်ခဲ့ပြီးနောက် ရေလွမ်းမိုးမှုဒဏ် ခံရသဖြင့် ယခု ထပ်မံ ရွှေ့ပြောင်းရခြင်း ဖြစ်ပါသည်။

ယခု စစ်ရှောင်များတွင် အများစုမှာ လီဆူ နှင့် ရဝမ် ကချင်မျိုးနွယ်စုများ ဖြစ်ကြသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...