ရှမ်းမြောက် မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဖြစ်

ရှမ်းမြောက် မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဖြစ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ်အွမ် ကျေးရွာ အနီး မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် မြန်မာအစိုးရတပ် တို့ သြဂုတ် (၂၉) နေ့တွင် တိုက်ပွဲကြောင့် ဒေသခံများ တောင်ယာ လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြပါသည်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ Bum Pri Bum နယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) နယ်မြေ ဖြစ်ပြီး Northern Alliance-Burma တိုင်းရင်းသား တော်လှန်ရေး တပ်ပေါင်းစု တပ်ဖွဲ့များ ရှိရာသို့ အစိုးရတပ် စစ်ကြောင်းများ ဝင်ရောက်လာကြောင့် တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“တိုက်ပွဲ ဖြစ်တာတော့ မကြာဘူး။ မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၁ကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီ လောက်မှာ ၁ ကြိမ် ပြန်တိုက်ကြတယ်။ မြန်မာအစိုးရတပ် ဖက် က လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်။”

Most read this week

December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...