မံစီ မိန်းကလေး ၂ ဦးကို အဓမ္မပြုကျင့် ပြီး ကလေး ၅ ဦးမိခင် ခိုးပြေးသူ အား ဖမ်းမိ

မံစီ မိန်းကလေး ၂ ဦးကို အဓမ္မပြုကျင့် ပြီး ကလေး ၅ ဦးမိခင် ခိုးပြေးသူ အား ဖမ်းမိ

မိန်းကလေး ၂ ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး အခု ကလေး ၅ ယောက် မိခင်ကို ဖြားယောင်း ခေါင်ဆောင်သွားသော အမျိုးသား တစ်ဦးကို ကချင်ပြည်နယ် မရမ်းကျေးရွာ ဒညှင်းခြံတစ်ခုမှာ လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေက ဖမ်းဆီးပြီး အရေးယူထားကြောင်း သိရပါသည်။

သက်ဆိုင်ရာ လူမှုရေး အကူညီတောင်းခံမှုအရ နမ္မတီး Lambraw Yang (လမ်းခွ) ကျေးရွာရှိ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan (ပတ်ဂျဆန်) က သူ့မယား ခိုးပြေးသူ အသက် ၅၃ နှစ် ဦးကြိုက်စိုင်း အား အဆိုပါ ကလေး ၅ ဦး မိခင်နှင့်အတူ မိုးကောင်းမြို့နယ် မရမ်းကျေးရွာ၊ မရမ်းပန်ခချောင်းဖျား ဒညှင်းခြံတခုမှာ သြဂုတ် ၂၆ ရက်နေ့ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်။

Lambraw Yang (လမ်းခွ) PJS ရုံးတွင် အဆိုပါ ပုဂ္ဂိုလ်အား စစ်ဆေးမှုအရ ယခင် မံစီ မြို့နယ်တွင်ရှိစဉ်လည်း ကချင် မိန်းကလေး ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သူ ဖြစ်သည်ဟု တွေ့ရှိရကြောင်း PJS အဖွဲ့ဝင် ဦး Thomas Nhkang ပြောပြပါသည်။

ဦးကြိုက်စိုင်း နှင့် ကလေး ၅ ဦးမိခင် နှစ်ဦးကို ၎င်းတို့နေထိုင်သော ဗန်းမော်ခရိုင် မံစီမြို့၊ Kawng Ra (ကောင်ရာ) ရပ်ကွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ သြဂုတ် ၂၇ ရက်နေ့ ပို့ဆောင်ပေးခဲ့သည် ဟု သူက ဆက်ဆိုသည်။

ယခု ကိစ္စနှင့်ပတ်သက်ပြီး ဦးကြိုက်စိုင်း အား ဥပဒေ အရ အရေးယူပေးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပတ်ဂျဆန် (PJS) အဖွဲ့မှ လူမှုရေးအရေ ကူညီပေးရသည်ဟု ပြောပါသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...