မြစ်ဆုံရေကာတာ ဆောက်လုပ်မှု ပြန်စရန် တရုတ် SPIC က ဒေသခံများကို စည်းရုံး

မြစ်ဆုံရေကာတာ ဆောက်လုပ်မှု ပြန်စရန် တရုတ် SPIC က ဒေသခံများကို စည်းရုံး

မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်ဖြင့် ရေအားလျှပ်စစ်၏ အရေးပါပုံများကို တရုတ် အစိုးရပိုင် SPIC ကုမ္ပဏီ မှ ၀ိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာတွင် သြဂုတ်လ (၂၄) ရက် နေ့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

State Power Investment Corporation မှ ယခုလို ဒေသခံပြည်သူများ ကို ရေကာတာ အကြောင်း ရှင်းလင်း ပြောကြားသည်မှာ မြစ်ဆုံစီမံကိန်းကို ပြန်လည် တည်ဆောက်လို သဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဒေါ် Nang Ja (နန်ဂျာ) က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လုပ်ဖို့ အခုလို ဆွေးနွေးပွဲ လာလုပ်တာလားလို့ ကျမ သူတို့ကို မေးလိုက်တယ်။ သူတို့ဘက်က ပြန်ဖြေတာက ဟုတ်တယ် ဆိုပါတော့ ဆိုပြီး ပြောလာတယ်။”

ဒေသခံများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေအားလျှပ်စစ်ကြောင့် တိုးတက်နေသော အခြေအနေများကို ရှင်းလင်းခဲ့သလို၊ ကချင်ပြည်နယ်တွင်လည်း ယခင် Chipwi ရေအား လျှပ်စစ် မရှိခင်နှင့် ရှိပြီး ပြောင်းလဲ တိုးတက်လာမှု၊ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့များ ရေအားလျှပ်စစ်ကြောင့် တိုးတက်ပြောင်းလဲ လာမှု စသည့် အကြောင်းအရာများဖြင့် ဒေသခံများ၏ စိတ်ပါဝင်စားမှု ရရှိအောင် ပြောဆို စည်းရုံးခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် ဒေသခံများကြား စိုးရိမ်နေသော စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်း စိုးရိမ်ပူပန်မှု မရှိစေရန် SPIC ရှင်းပြခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ ဒေါ် Roi Ja (ရွယ်ဂျာ) ပြောပါသည်။

“မြစ်ဆုံမှာ ရေကာတာ မလုပ်သင့်ဘူးလို့ ကျွန်မတို့က ကန့်ကွတ်တယ် ဆိုတဲ့ ကြောင်းကို ပြောတော့ သူတို့က ပြန်ရှင်းပြတယ်။ အခု ရေကာတာ ပြုလုပ်မည့် သူတွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်ဖြစ်တယ်။ ဒီရေကို ကာမယ့် တံတိုင်းကိုလည်း တောင်တစ်လုံး ထက်မက ထူထက်ပြီး ကြီးမား အောင်ပြုလုပ်မှာပါ ။ လုံးဝ ဆိုးရိမ်စရာ မလိုပါဘူး တဲ့။”

မြစ်ဆုံဒေသတွင် မည်မျှပင် ခိုင်ခန့်သော ရေကာတာ တည်ဆောက်မည် ဆိုသော်လည်း မိမိတို့ ဒေသရှိ မြေသားသည် အခြားဒေသ၏ မြေသားနှင့် မတူဘဲ မြေပွ၊ မြေရွ ဖြစ်နေသောကြောင့် ရေကာတာ စီမံကိန်းကို ဆောက်လုပ်ရန် သဘော မတူနိုင်ကြောင်း ဒေသခံများ ထပ်မံ ပြောဆိုပါသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...