UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကချင်လူထု မြစ်ကြီးနားတွင် တွေ့ဆုံမည်

UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကချင်လူထု မြစ်ကြီးနားတွင် တွေ့ဆုံမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် ကချင်လူထု တွေ့ဆုံမှု သြဂုတ် ၃၁ ရက်နေ့ မြစ်ကြီးနားတွင် ပြုလုပ်မည်ဟု သိရပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုထိရောက်စေရန် UPDJC အစည်းအဝေး မရှိချိန် နယ်လှည့်ပြီး လူထုအသံကို သွားရောက် နားထောင်ခြင်း ဖြစ်သည်ဟု UPDJC အဖွဲ့ဝင် ဒေါက်တာ မနမ်တူးဂျာ ပြောပါသည်။

"ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လူထုအသံက အရေးကြီးတယ်။ ကချင်ပြည်နယ်မှာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရဘူးလေ။ ဘာလို့ဆိုတော့ KIO အဖွဲ့က NCA လက်မှတ်မထိုးလို့။ ဒီလိုအခြေအနေအောက်မှာ UPDJC က ပါတီအစုအဖွဲ့ခေါင်းဆောင်တွေနဲ့ လူထုတွေ တွေ့ဆုံမှုဆိုတာလည်း အရေးကြီးပါတယ်။” ဟု ပြောပါသည်။

လူထုနှင့် တွေ့ဆုံခြင်း ရက်မတိုင်မှီ သြဂုတ် ၂၉-၃၀ ရက်များတွင် ပြည်နယ်တွင်း အနိုင်ရနိုင်ငံရေးပါတီ၊ အနိုင်မရ နိုင်ငံရေး ပါတီတို့ဖြင့်လည်း ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု သိရပါသည်။

သြဂုတ် ၃၁ ရက်နေ့ ပြုလုပ်မည့် အစီစဉ်တွင် လူထု ကိုယ်စားပြု အဖွဲ့အစည်းများမှ လူဦးရေ ၃၀၀ ခန့်ဖြင့် တွေ့ဆုံရန် မျှော်မှန်းထားသည်ဟု သိရပါသည်။

ယခုလှုပ်ရှားမှုများသည် UPDJC နိုင်ငံရေးပါတီများ၏ အစီစဉ်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တိုင်းရှိ လူထုနှင့် တွေ့ဆုံရန် ဆုံးဖြတ်ထားကြောင်း သိရပါသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...