MMA လက်ဝှေ့ချန်ပီယံ အောင်လ အင်ဆန်၏ ကြေးရုပ်ထု မြစ်ကြီးနား မနောကွင်း စိုက်ထူမည်

MMA လက်ဝှေ့ချန်ပီယံ အောင်လ အင်ဆန်၏ ကြေးရုပ်ထု မြစ်ကြီးနား မနောကွင်း စိုက်ထူမည်

ကမ္ဘာ့ MMA လက်ဝှေ့ ချန်ပီယံ Aung La Nsang ၏ ပုံတူကြေးရုပ်ထုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် စိုက်ထူနိုင်ရန် ကချင်အဖွဲ့အစည်းများမှ စတင် ကြိုးစား လုပ်ဆောင်နေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မရှိခဲ့ဖူးသော နိုင်ငံဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဆု ၂ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ သဖြင့် သူ၏ ရုပ်ထုစိုက်ထူခြင်းဖြင့် လူငယ်တွေ မူးယစ်ဆေးဝါးကို အားမပေးဘဲ သူ့အား အတုယူ ကြိုးစား စေခြင်း စိတ်ဖြစ်ပေါ် စေနိုင်အောင် ရည်ရွယ်ပြီး စိုက်ထူခြင်းဖြစ်သည်ဟု ကြေးရုပ်ထု ဖြစ်မြောက်ရေး ဥက္ကဌ ဦး Qidnang Ze lum ပြောပါသည်။

ကြေးရုပ်ထုအတွက် စုစုပေါင်း ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ဖွင့်ပွဲ ပြုလုပ်မယ့် ဒီဇင်ဘာလတွင်လည်း ရွှေဖြင့် ပြုလုပ်ထားသည့် အောင်လ၏ ရုပ်ထုကို အောင်လ အား ချီးမြင့် သွားမည်ဟု ပြောပါသည်။

ရုပ်ထုကို အောင်လ အင်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲ ဖြစ်သည့် အောက်တိုဘာလ ထိုးသတ်ပွဲ မတိုင်မီ အပြီးပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

အောင်လအန်ဆန်၏ ပုံတူကြေးရုပ်ထု စိုက်ထူမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဝေဖန်မှု အချို့လည်း ရှိနေသည်ကို တွေ့ရပါသည်။

“ကျွန်တော်တို့လူမျိုးတွေက အင်အားနဲ့ သွားတာ မဟုတ်ဘူး။ ကိုကွယ်ယုံကြည်ခြင်းနဲ့ သာ သွားတာပါ။ ခရစ်ယာန်ယုံကြည်ခြင်းနဲ့ ကြည့်မယ်ဆိုရင် ရုပ်ထုတာ သင့်တော်မှု သိပ်ဘူး။” မြစ်ကြီးနား ထွယ်ဆန်ယန် ခရစ်ယာန်အသင်းတော်မှ ဓမ္မဆရာ မရစ် လခေါင် မှ ပြောဆိုပါသည်။

ထို့အပြင် အောင်လ တစ်ဦးတည်း သာမက ကဏ္ဍတိုင်းတွင် ထူးချွန်ပြီး နာမည် ကျော်ကြားသူများ ရှိနေသေးသောကြောင့် အားလုံးအတွက် စဉ်းစားသင့် ကြောင်း ထောက်ပြ မှုများလည်း ရှိနေပါသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...