မုံးပေါ် တရုတ် မှိုပေါင်းစက်ရုံကို ဒေသခံများ ဆက်လက် စောင့်ကြည့်

မုံးပေါ် တရုတ် မှိုပေါင်းစက်ရုံကို ဒေသခံများ ဆက်လက် စောင့်ကြည့်

ရှမ်းပြည်မြောက်ပိုင်း ကြူကုတ် (ပန်ဆိုင်း)မြို့နယ် မုံးပေါ်ဒေသတွင် သံရည်ကြိုစက်ရုံ ဆောက်လုပ်ရန် ပြည်သူများမှ ကန့်ကွက်သောကြောင့် အဆိုပါစက်ရုံအစား မှိုပေါင်းစက်ရုံ အစားထိုးတည်ဆောက်ရန် ပြင်ဆင်လာမှုပေါ် ဒေသခံများသည် ၄င်းကုမ္ပဏီ၏ အခြေအနေကို ဆက်လက်စောင့်ကြည်နေကြောင်း ပြောဆိုပါသည်။

ဒေသခံများအတွက် အရေးပါသည် Loilem Pa ကျေးရွာရှိ မြေယာတွင် သံရည်ကြိုစက်ရုံတည်ဆောက်ရန် ကန့်ကွက်ခံရပြီးနောက် လက်ရှိအနေအထားတွင် မှိုပေါင်းစက်ရုံ အဖြစ် ပြောင်းလဲပြီး စက်ရုံမှ ဝယ်ယူမည့် မှိုအမျိုးအစားနှင့် စျေးနှုန်းများကို သိသာထင်ရှားသော ဗီနှိုင်း၊ ဆိုင်းဘုတ်ကြီးများဖြင့် ပြုလုပ်ထားခြင်းမရှိဘဲ ‘whiteboard အသေးစားပေါ်တွင် လက်ရေးဖြင့်’ သာ ရေးသား ကြေငြာထားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“မှိုပေါ်ချိန်ကာလ က ကုန်ဆုံးသွားပါပြီ။ ခုမှ သူတို့က မှိုဝယ်တယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ထောင်ထားတာ။ မှိုပေါ်ချိန်မှာတောင် မှိုရောင်းတဲ့သူတွေက တရုတ်ပြည်ကိုပဲ သွားရောင်းကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးပြောဆိုပါသည်။

မုံးပေါ် ကျေးရွာသားများအတွက် အရေးပါသော ရေအရင်းအမြစ်ရရှိလျှက်ရှိသည့် ထိုနေရာတွင် မည်သည့် လုပ်ငန်းကုမ္ပဏီ ဝင်ရောက်လာခြင်းကို မလိုလားကြောင်း ပြောဆိုပါသည်။

မူလ ထိုနေရာတွင် သံရည်ကြိုစက်ရုံတည်ဆောက်ရန် ပြင်ဆင်လာချိန် ဒေသခံ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) က ဇွန်လဆန်းတွင် ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီးနောက် မှိုပေါင်းစက်ရုံ တည်ထောင်ရန် အစီစဉ် ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုချိန်ထိ သံရည်ကြိုစက်ရုံ ရပ်နားပြီဆိုသော်လည်း ဆောက်လုပ်ရေး ပစ္စည်းများ သိမ်းယူသွားခြင်း မရှိသေးသောကြောင့် ဒေသခံများ စိုးရိမ်တကြီး စောင့်ကြည့်နေကြကြောင်း ပြောပါသည်။

ကုမ္ပဏီဘက်မှ သံရည်ကြို စက်ရုံဆက်လက် တည်ဆောက်လာမည်ဆိုပါက လူထုအင်အား နှင့် ကန့်ကွက်သွားမည်ဟု ဆိုပါသည်။

ယခုတာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီမှာ တရုတ်နိုင်ငံ ရွှေလီမြို့ အခြေစိုက် ‘မောင်စိန် ဘိန်းအစားထိုးကုမ္ပဏီ’ ဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှလည်း ခွင့်ပြုထားသည်ဟု မုံးပေါ် ဒေသခံများ ကချင်သတင်းဌာန KNG ပြောပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...