တပ်မတော် အသေရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်းခံထား စစ်ရှောင် လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦး အမှု တရားလို သက်သေ မှ ဒုတိယအကြိမ် တရားရုံးလာရောက်ရန် ပျက်ကွက်သဖြင့် တရားသူကြီးမှ အဆိုပါ သက်သေကို ယမန်နေ့ (သြဂုတ် ၂၀ )ရုံးချိန်းတွင် ပယ်ဖျက်လိုက်သည်။
တရားလိုဘက် သက်သေ ၃ ဦးကို စစ်ဆေးပြီး ဖြစ်သော်လည်း ၄ ယောက်မြောက်သက်သေမှာ တရားရုံးသို့ လာရောက်သက်သေခံရန် ဒုတိယအကြိမ် ပျက်ကွက်သဖြင့် ယမန်နေ့ (၁၁)ကြိမ် မြောက် ရုံးချိန်းတွင် တရားသူကြီးမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် အမှုတွဲနှင့် ပတ်သက်ပြီး လျှောက်လဲချက် ထပ်မံ လျှောက်တင်သွားမည်ဟု တရားခံများ၏ ရှေ့နေ ဦး မုန်ဆိုင်းတူး က ကချင်သတင်းဌာန KNG ကိုပြောသည်။
(၁၂)ကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ (၂၇)ရက်နေ့သို ့ ပြန်လည် ချိန်းဆိုထားပါသည်။







