မြစ်ဆုံရေကာတာ ဆက်လက် ကန့်ကွက်ဖို့ ဒေသခံများ တွေ့ဆုံဆွေးနွေး

မြစ်ဆုံရေကာတာ ဆက်လက် ကန့်ကွက်ဖို့ ဒေသခံများ တွေ့ဆုံဆွေးနွေး

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ရန် အစိုးရမှ တရားဝင် ပြောဆိုမှုမရှိသလို တရုတ်ကုမ္မဏီဘက်မှလည်း ရေကာတာ ပြန်လည် တည်ဆောက်ရန် ပြင်ဆင်လာမှုအပေါ် ရွာသားများက ဆက်လက်ကန့်ကွက်ရန်အတွက် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို Alam (အာလမ်း) ကျေးရွာတွင် သြဂုတ် ၁၅-၁၆ တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို ကချင်လူမူဖွံ့ဖြိုးရေးအဖွဲ့ များဖြစ်သော MRJ (Mungchying Rawt Jat) နှင့် KDNG (Kachin Development Networking Group) တို့ ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အာဏာရ အစိုးရများမှ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်မှု မရှိဘဲ ဆက်လက် လုပ်ဆောင်ရန် အစီစဉ် ရှိနေသဖြင့် ရွာသားများ ၎င်းစီမံကိန်းအား လူထုအင်အားကြီးဖြင့် ကန့်ကွက်နိုင်ရန် ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်သည် ဟု KDNG မှ တာဝန်ရှိသူ ဦး Naw Awng (နော်အောင်) က ပြောဆိုသည်။

“ကျနော်တို့က ဒီရေကာတာစီမံကိန်းကို ရပ်တန့်အောင်ကြိုးစားနေတဲ့အဖွဲ့ဖြစ်တယ်။ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်သွားနိုင်အောင် ရွာသားတွေကိုခွန်အားပေး အသိပေးဆွေးနွေးပွဲကိုပြုလုပ်ပေးတယ်။ သူတို့ကိုယ်တိုင်လည်း ဒီရေကာတာ ကိစ္စကို အမြန်ဆုံး ရပ်တန့်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု အစိုးရဘက်လည်း ရပ်တန့်ကြောင်း ပြတ်ပြတ်သားသား မပြောဘူး။ တရုတ်ကုမ္မဏီဘက်လည်း ရပ်တန့်ဖို့မပြောဘူး။ ဒါကြောင့်ရွာသားတွေက ဒီအခြေအနေကိုသိနေကြတယ်။”

အစိုးရအနေဖြင့် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်လာမှုကြောင့် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း မြစ်ဆုံဒေသခံ ဖြစ်သူ ဒေါ် Gawlu Lu Ja ယခုလို ပြောသည်။

“မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်စေချင်တယ်။ မလုပ်စေချင်ဘူး။ ကျမတို့ အကြိမ်ကြိမ်ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ ရေကာတာမဆိုနဲ့ မိုးဘဲရွာတယ် ရေအရမ်းကြီးတယ်။ အနီးတစ်ဝိုက်ရွာတွေမှာ ရေရောက်တယ်။ တကယ်လို့ ရေကာတာ သာလုပ်လိုက်မယ်ဆိုရင် ရွာအတွင်းမှာ ရေမြိုပ်မှာသေချာတယ်။”

မြစ်ဆုံဒေသအတွင်းနေထိုင်သော ရွားသားများသည် မြစ်ဆုံရေကာတာစီမံကိန်းကိုမလိုလားသဖြင့် ခိုင်မာသော အဖွဲ့အစည်း ကော်မတီ တစ်ခုထူထောင်ပြီး ရသောနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကာကွယ်သွားမယ် ဟု မြစ်ဆုံဒေသခံ Daw Ja Hkawn ကလည်း ယခုလို ပြောဆိုပါသည်။

“ကျမတို့က အစိုးရအနေနဲ့ ဒီရေကာတာစီမံကိန်းကိုမရပ်မချင်း ရတဲ့နည်းနဲ့ ဆက်လက်ကန့်ကွက်သွားမယ်။ အားလုံးက ကန့်ကွက်ဖို့သဘောတူကြတယ်။ အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး ခိုင်မာတဲ့ကော်မတီတွေဖွဲ့သွားမယ်။ အစိုးရအနေနဲ့လည်း သူ့မှာ စီမံကိန်းတွေလုပ်နေတယ်ထင်တယ်။ ဒါပေမဲ့ကျမတို့ရအောင်ကြိုးစားသွားမယ်။”

၂ ရက်သာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် N’gan Mare (အင်ဂန်းကျေးရွာ)၊ N’Jang Yang (အင်ဂျန်းယန်)၊ Tang Hpre (တန်ဖရဲ)၊ Mali Yang (မလိယန်)၊ Aung Myin Thar (အောင်မြင်သာ)၊ U Bit (အူဗျစ်)၊ Lamung Zup (လမုန်ဇွပ်) စသည့် ကျေးရွာများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့ကြပါသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...