Sinlum IDP ဘော်ဒါ ကျောင်းဆောင် မီးလောင်ပျက်စီးမှုကြောင့် အရေးပေါ် အကူညီ လိုအပ်

Sinlum IDP ဘော်ဒါ ကျောင်းဆောင် မီးလောင်ပျက်စီးမှုကြောင့် အရေးပေါ် အကူညီ လိုအပ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် Sinlum Kaba (စိန်လုံကဘာ) ကျေးရွာရှိ စစ်ရှောင်ကလေးများ ပညာသင်ကြားနိုင်ရန်အတွက် ကတ်သလစ် အသင်းတော်မှ ဖွင့်လှစ်ထားသော စစ်ရှောင် IDP ဘော်ဒါကျောင်းဆောင်သည် တနင်္လာနေ့ (သြဂုတ် (၁၃) ရက်နေ့) ည မီးလောင် ပျက်စီးသွားသောကြောင့် အရေးတကြီး အကူအညီများ လိုအပ်နေပါသည်။

စစ်ရှောင် ကျောင်းသား စုစုပေါင်း (၂၅)ဦး စာသင်ကြား နေထိုင်သော အဆောင်မီးလောင်သွားသဖြင့် ကလေးများ၏ ပညာသင်ကြားရေး အသုံးအဆောင်ပစ္စည်းများ နှင့် အရေးပေါ် အိပ်ယာ၊ အဝတ်အစား၊ ခြင်ထောင်အပြင် အခြား အကူအညီများ အရေးတကြီး လိုအပ်နေကြောင်းကို Sinlum သာသနာနယ် ကတ်သလစ် ဘုန်းတော်ကြီး Lahpai Awng Dang ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အရင်ကတော့ မီးစက်နဲ့ အသုံးပြုနေတာပါ။ မီးစက် ပျက်သွားတော့ ကလေးတွေက ဖယောင်းတိုင်သုံးပြီး စာသင်ရတာလေ။ ကလေးတွေ အောက်ထပ်မှာ စာသင်နေတဲ့ အချိန် ထပ်မှာက ဖယောင်းတိုင်ထွန်းထားတာလား တော့မသိဘူး။ အပေါ်ထပ်မှာ မီးလောင်မှု ဖြစ်သွားတယ်။ အဲ့ဒီ နေရာက သွားလာရတာလဲ မလွယ်ဘူး။ လျှပ်စစ်မီးလဲ မရဘူးလေ။ အခုက ကလေးတွေ အတွက် တကယ် အကူအညီ လိုနေတဲ့ အချိန်ပါ။”

မီးလောင်မှုကြောင့် ကလေးများ ထိခိုက်မှုမရှိကြောင်း သိရပါသည်။

သို့သော်လည်း စာသင်ဆောင်မရှိတော့သဖြင့် နေအိမ်များတွင် စာသင်နေရကြောင်း ဘုန်းတော်ကြီး ဆက်ပြောပါသည်။

စစ်ရှောင်များ မိမိနေရပ် ပြန်ရောက်လာချိန် ကလေးများ စာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် Sinlum စာသင်ကျောင်းဆောင် ဘော်ဒါကို ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...