မြန်မာ အစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ကြား တိုက်ပွဲ ပြင်းထန်

မြန်မာ အစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ကြား တိုက်ပွဲ ပြင်းထန်

တနင်္ဂနွေနေ့မှ စပြီး မြန်မာအစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ပေါင်းစု တို့ ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့နယ်ခွဲတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

အစိုးရ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများနှင့် မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) တပ်ပေါင်စုမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအောင်းပလောင်တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ် MNDAA တို့ ကြား တနင်္ဂနွေ ညနေ ၄ နာရီမှ ည ၉ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တနင်္လာနေ့ နံနက်ပိုင်းထိ ဆက်တိုက် ဖြစ်ပွားနေဆဲဟု ဒေသခံ ပြည်သူတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြပါသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက မန်ကောင်း ရွာနားက နန့်ဖားတောင်အောက်မှာဖြစ်တာ။ မနေ့က မနက်ကနေ ညအထိကို ဖြစ်ပြီးတော့ ဒီမနက် ၇း၁၇ လောက်ကနေ ပြန်တိုက်နေကြတယ်။”

မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကို မေးမြန်းသိရပါသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...