ကချင်ပြည်နယ် လူငယ်များ၏ လုံခြုံသော ရပ်ဝန်း အတွက် ငြိမ်းချမ်းရေး လိုအပ်

ကချင်ပြည်နယ် လူငယ်များ၏ လုံခြုံသော ရပ်ဝန်း အတွက် ငြိမ်းချမ်းရေး လိုအပ်

ကချင်ပြည်နယ်အတွင်းရှိ လူငယ်ထုအတွက် လုံခြုံသော ရပ်ဝန်းတစ်ခုဖြစ်လာရန်မှာ စစ်မှန်သော ငြိမ်းချမ်းရေးသာ အဓိက လိုအပ်ချက် ဖြစ်ကြောင်း သြဂုတ် (၁၂) ရက်နေ့ ကျရောက်သော နိုင်ငံတကာ လူငယ်များနေ့ တွင် ကချင်လူငယ်များက ထပ်မံ ပြောဆိုပါသည်။

တနင်္ဂနွေနေ့ မြစ်ကြီးနား မနောကွင်း Majoi Gawknu ခန်းမ တွင် ပြည်နယ်တွင်း လူမျိုးစုံ တိုင်းရင်းသားလူငယ်များ ပူးပေါင်း ပြုလုပ်သော လူငယ်များနေ့ အစီစဉ် တွင် ပြောဆိုခဲ့ကြပါသည်။

“ကချင်ပြည်နယ်တွင်းက လူမျိုးပေါင်းစုံ လူငယ်တွေမှာ အဓိက လိုအပ်နေတာက စစ်မှန်တဲ့ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ အဲဒါ ရမှပဲ လူငယ်တွေ တိုးတက်ရေးမှာ အခွင့်အလမ်းတွေ များလာပြီးမှ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံမှာ ဖွံ့ဖြိုးလာမယ်လို့ ခံယူပါတယ်” ဟု အစီစဉ် ဖြစ်မြောက်ရေးမှ ကိုပေါလု ပြောပါသည်။

ထို့အပြင် လက်ရှိ ကချင်ပြည်နယ်တွင်း လူငယ်များ၏ ဘဝသည် ပဲ့မပါသော လှေတစ်စင်းကဲ့သို့ မျှော်လင့်ချက်မရှိ ပန်းတိုင်မေ့နေသည့် ပမာ ပြည်တွင်း စစ်ပွဲများကြောင့် အသက်များ စတေးနေရသည်ကို ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

လူငယ်များဘဝ အခြေအနေုတိုးတက်လာစေရန် တာဝန်ရှိသော ဌာနဆိုင်ရာများ မှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရမည်ဟုလည်း တောင်းဆိုထားပါသည်။

“တစ်ပြည်လုံးက လူငယ်တွေအတွက် ငြိမ်းချမ်းရေးက အရေးအကြီးဆုံးပါ။ သေနတ် မရှိတဲ့ အခြေအနေကိုပဲ ငြိမ်းချမ်းပြီလို့ ပြောလို့ မရပါဘူး။ တကယ် လူငယ်တွေအတွက်လည်း တိုးတက်မှုကို လမ်းဖွင့်ပေးမယ့် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး လိုအပ်နေပါပြီ။ တိုက်ပွဲဖြစ်တာက အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့သာ ဖြစ်ပေမယ့် တကယ်ထိခိုက်တာက ဒီက လူမျိုးစုံ ဒုက္ခရောက်တာဖြစ်တယ်။ ဒါကြောင့် တို့ လူငယ်တွေအတွက် အရေးတကြီး လိုအပ်နေတာက ငြိမ်းချမ်းရေး ဖြစ်တယ်” ဟု လူငယ်တက်ကြွလှုပ်ရှားသူ တစ်ဦး မဆွတ်ဆိုင်းထွယ် ပြောပါသည်။

လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း လူငယ့်အသံများ ပါဝင်လာစေရန် တောင်းဆိုမှုများပြုလုပ်သွားမည်ဟု တောင်းဆိုထားသည်ကို တွေ့ရပါသည်။

ကချင်ပြည်နယ်လူငယ်များ စုပေါင်းကျင်းပသည့် (၁၉) ကြိမ်မြောက် နိုင်ငံ တကာ လူငယ်များနေ့ Majoi Gawknu ခန်းမ အစီစဉ်သို့ လူငယ်များ ၂၀၀၀ ကျော် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...