မွန်နိုင်ငံရေးသမား စာပေပညာရှင် နိုင်ဖေသိန်းဇြာ (ဖက်ဒရယ်တက္ကသိုလ်) သြစတေးလျတွင် ကွယ်လွန်

မွန်နိုင်ငံရေးသမား စာပေပညာရှင် နိုင်ဖေသိန်းဇြာ (ဖက်ဒရယ်တက္ကသိုလ်) သြစတေးလျတွင် ကွယ်လွန်

မွန်နိုင်ငံရေးသမား စာပေပညာရှင် နိုင်ဖေသိန်းဇြာ (ဖက်ဒရယ်တက္ကသိုလ်)သည် ဇူလိုင်လ(၃၀) ရက်နေ့ မနက်ပိုင်းတွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း သြစနေးလျမွန်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ 

ဆရာနိုင်ဖေသိန်းဇြာ၏ စျာပနာအစီအစဉ်ကိုမူ မသိရသေးပေ။

နိုင်ဖေသိန်းဇြာ (၁၉၄၂-၂၀၁၈)၏ ကိုယ်ရေးအကျဉ်း

နိုင်ဖေသိန်းဇြာကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အဖနိုင်မောင်မောင်၊ အမိ မိချစ်တင်တို့မှ မုဒုုံမြို့နယ် ကမာဝက်ကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၂ ဦးရှိသည်။ 

ဒုတိယအဆင့်အတန်းများ (Secondary School) ကို မော်လမြိုင်ရှိ အမှတ် (၁) အစိုးရအထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး မော်လမြိုင်ခရိုင်မွန်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၆၀ တွင် တက္ကသိုလ်ဝင်တန်းကို ရူပဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ၁၉၆၁ တွင် မော်လမြိုင်ကောလိပ်ကို ဆက်လက်တက်ရောက်ခဲ့သည်။ ကော်လိပ်တွင်လည်း မော်လမြိုင်ကောလိပ်မွန်ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မော်လမြိုင်ကောလိပ်ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ 

၁၉၆၁ ခုနှစ်ကုန်ပိုင်းတွင် မော်လမြိုင်ခရိုင် မွန်ကျောင်းသားများသမဂ္ဂ၏ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အခြားကျောင်းသားများနှင့်အတူ ရန်ကုန်တက္ကသိုလ် ရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးတွင် ၁၆ နိုဝင်ဘာ ၁၉ ၆၁ နေ့တွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ညီလာခံကိုတက်ရောက်ခဲ့သည်။ ယင်းကျောင်းသားသမဂ္ဂအဆောက်အဦးကို ၈ ဇူလိုင် ၁၉ ၆၂ တွင် ဖောက်ခွဲဖျက်ဆီးလိုက် သည့်အတွက် ယင်းညီလာခံသည် ကျောင်းသားသမဂ္ဂအဆောက်အဦးတွင်ကျင်းပသည့် နောက်ဆုံးညီလာခံ ဖြစ်ခဲ့သည်။ ၁၉ ၆၂ ခုနှစ်တွင် မော်လမြိုင်ကောလိပ်မွန်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှုးဖြစ်လာခဲ့သည်။

ဥပစာသိပ္ဗံ (Intermediate Science) တန်းကို ၁၉၆၂ ခုနှစ်တွင် ပြီးဆုံးအောင်မြင်ခဲ့ပြီး ၁၉ ၆၃ တွင် ဘွဲ့ကြိုတန်းကို ဆက်လက်တက်ရောက်ခဲ့သည်။

နိုင်ဖေသိန်းဇြာသည် မော်လမြိုင်ကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ရွေးကောက်တင် မြှောက်ခံရသည်။ ၁၉ ၆၃ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး စကားဝိုုင်းများ ပျက်ပြားသွားခဲ့သည့်အတွက် ကျောင်းသားသမဂ္ဂများက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုုံး ပြန်လည်ကျင်း ပရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ၁၉ ၆၃ ခု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နိုုင်ဖေသိန်းဇြာဦးဆောင်သည့် မော်လမြိုင်တက္က သိုလ်ကျောင်းသားသမဂ္ဂသည် ကျောင်းအဆောက်အဦးကို သိမ်းပိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုုံး ပြန်လည်ကျင်းပ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထိုသို့ဆန္ဒပြခဲ့သည့်အတွက် နိုင်ဖေသိန်းဇြာနှင့် အခြားကျောင်းသားခေါင်းဆောင်များ အားလုုံးသည် ၁၉ ၆၃ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး မော်လမြိုင်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။

မော်လမြိုင်ထောင်အတွင်းရှိနေစဉ် ၁၉၆၃ ခု နိုင်ဝင်ဘာ ၁၄ ကပင် အဖမ်းခံထားရသည့် မွန်ခေါင်းဆောင်များဖြစ် ကြသော နိုင်ထွန်းသိန်း၊ နိုင်ချမ်းမွန်၊ နိုင်နွန်လာ၊ နိုင်ကျောင်း၊ နိုင်ကွန်ဗလ၊ နိုင်တင်အောင်တို့နှင့် အတူဆုံတွေ့ခဲ့သည်။

ထောင် ၇ နှစ်ကျခံပြီးနောက် ၁၉ ၇၀ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ သိပ္ဗံဘွဲ့အတွက် ဘွဲ့ကြိုတန်းကိုု ပြန်လည်တက်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ပညာရေးစနစ်ဟောင်းမရှိတော့သည့်အတွက် ပထမနှစ်မှပြန်လည် တက်ရောက်ရန်ဟုု အကြောင်းပြကာ ငြင်းဆန်ခဲ့သည်။

၁၉ ၇၃ ခုနှစ်တွင် အထက်တန်းရှေ့နေ (HGP) စာမေးပွဲကို ဖြေဆိုုအောင်မြင်ခဲ့ပြီး ဥပဒေလောကတွင် ၁၉ ၇၅ ခုုနှစ်အ ထိကျင်လည်ခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ဘွဲ့ကြိုအတွက် စာပေးစာယူတန်းကို ဆက်လက်တက်ရောက်ခဲ့သည်။ စာပေးစာ ယူတန်းကိုု ၅ နှစ်တိုုင် ခက်ခက်ခဲခဲဖြတ်သန်းခဲ့ပြီးနောက်ဆုံးတွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကို သမိုင်းဘာသာရပ်ဖြင့် ရရှိခဲ့သည်။

နိုင်ဖေသိန်းဇြာသည် “တလိုင်းဝေါဟာရ သုတေသနစာတမ်း”၊ “ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမားတို့မွန်ကျောင်းသား"၊ "The King of Kings” နှင့် “Banya Lagon Aim” စသည့် စာအုပ်များကို ရေးသားပြုစုုခဲ့သည်။

သြစတေးလျမွန်အမျိုးသားအသင်း၏ ဂုဏ်ထူးဆောင်နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ဘဝတစ်လျှောက်လုံး မွန်အမျိုးသားအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုအရေးအရာတို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။ 

နိုင်ဖေသိန်းဇြာသည် အသက် ၇၆ နှစ်အရွယ်တွင် သြစတေးလျနိုုင်ငံ ကင်ဘာရာမြို့တွင် ကွယ်လွန်ခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...