ပြည်နယ်လွှတ်တော်သည် ဥပဒေပြုရေးအတွက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး မတက်ရောက်နိုင်သည့် အတွက် ၄င်း၏ပုံရိပ်သာ ထိခိုက်နိုင်ကြောင်းနှင့် လွှတ်တော်အစည်းအဝေးကို အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် အတူတူဆောင်ရွက်ရခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေးရှိကြောင်းကို အစိုးရထံသို့ (၂၁)ရက် ကြိုတင်အကြောင်းကြားထားသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
“သူ ့ရဲ့ခံယူချက်နဲ ့သူ ့ရဲ့ပြည်နယ်အပေါ်မှာ စေတနာမရှိဘူးလို ့ ပြောချင်ပါတယ်။ ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းကို မလေးစားဘူးပေါ့။ မဏ္ဍိုင်ကြီး (၃) ရပ်ကတစ်ခုနဲ ့တစ်ခု အပြန်အလှန်လေးစားမှု၊ ထိန်းကြောင်းမှုရှိနေရပါမယ်။ အခု ဝန်ကြီးချုပ် လွှတ်တော်အစည်းအဝေးမတက်ပဲ ခွင့်ယူတာဟာ ဥပဒေပြုရေးကိုမဏ္ဍိုင်ကို မလေးစားဘူးလို့ ပြောချင်တယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိသော ဦးမင်းမင်းဦး သည်အောက်တိုဘာလ ၄ရက်တွင် သံဖြူဇရပ်-ရေးလမ်းပိုင်းအား စစ်ဆေးရန်၊အောက်တိုဘာလ၅ရက်တွင် ကမ္ဘာ ့ဆရာများနေ ့အခမ်းအနားကို တက်ရောက်ရန်၊ ၆ရက်နေ ့မှ ရ ရက်အထိ ရန်ကုန် ၌ကျင်းပမည့် နယ်စပ်ဒေသကုန်သွယ်မှုဖြစ်ပေါ်လာရေး ဆွေးနွေးပွဲသို ့ တက်ရောက်ရန်ရှိခြင်းကြောင့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ၊ တတိယ နှင့် စတုတ္ထနေ ့အစည်းအဝေးများ သို ့တက်ရောက်နိုင်ခြင်းမရှိကြောင်းကို ခွင့်ပန််ကြားကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်တင် က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ ့တွင် လွှတ်တော်သို ့တင်ပြခဲ့သည်။
ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က တင်ဒါအောင်မြင်ပြီးသောကုမ္ပဏီ များကို လုပ်ငန်းအရည်အသွေးပြည့်မီစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိ လိုသည့်မေးခွန်းမေးမြန်းရာတွင် ဖြေကြားပေးရမည့် တာဝန်ရှိသူဝန်ကြီးချုပ်က မရှိသည့်အတွက်၄င်းကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးဝဏ္ဏကျော်က ဖြေကြား ခဲ့ရသည်။
“နိုင်ငံတော်ကိစ္စနဲ့ နိုင်ငံခြားထွက်သွားရင် တမျိုးပါ။ ၀န်ကြီးချုပ်က မွန်ပြည်နယ်ထဲမှာပဲရှိနေတယ်။ ကျနော်တို့လည်းတကယ်ပဲစိတ်ပျက်မိတယ် ဘာလို့လဲဆိုတော့ လွှတ်တော်ဆိုတာ နေ့တိုင်း လုပ်နေတဲ့ကိစ္စ မဟုတ်ဘူး။ နှစ်လ သုံးလမှတခါ ပြည်သူ့ရေးရာကိုဆွေးနွေးတယ် ကျနော်တို့က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက်ရှိစေချင်တယ် ခုတော့တာဝန်ပဲရှိတယ်” ဟု ဦးထွန်းမင်းအောင်ကပြောသည်။
ချောင်းဆုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက လွှတ်တော်ကိုယ်စားလှယ်တိုင်း သည် လွှတ်တော်အစည်းအဝေးကို ခွင့်တိုင်ကြားပျက်ကွက်နိုင်သော်လည်း ကိုယ်စားလှယ်တဦးအနေဖြင့် (၁၅)ရက်ဆက်တိုက် ခွင့်မဲ့ပျက်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းအရေးယူနိုင်ကြောင်း ပြောသည်။
“ခွင့်ယူပြီး ပျက်လို ့ရတယ်ဆိုတိုင်း အမှန်တကယ် သူ ့ရဲ ့အခက်အခဲကြောင့် ခွင့်ယူတာလား။ ဒါမှမ ဟုတ် တမင်တကာပဲ လွှတ်တော်ကို အလေးအနက်မထားတာလား ဒီသဘော (၂) ခုတော့ရှိလိမ့််မယ်” ဟု ၄င်းက ပြောသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန တာဝန်ခံဝန်ကြီး ဦးမင်း မင်းဦး သည် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်လည်း စည်ပင်သာယာရေး အဖွဲ ့အစည်းအဝေးရှိသည်ဟု အကြောင်းပြချက်ဖြင့် ခွင့်ပန်ပြီး လွှတ်တော်အစည်းအဝေး (၁) ရက် ပျက်ကွက်ခဲ့ ဖူးသည်။







