မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောက်တိုဘာ ၄ရက်တွင် အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၈မဲနှင့် ပယ်မဲ ၁မဲ ဖြစ်သည့်အတွက် အဆိုကို လွှတ်တော်မှအတည်ပြုလိုက်သည့်အတွက် အစိုးရအဖွဲ့မှ ၎င်းအဆိုပါအကြောင်းအရာများကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။
အဆိုကိုထောက်ခံသည့် စာရင်းအင်၊ဘဏ္ဍာရေးနှင့် စီးပွားရေးစီမံကိန်းကော်မတီဥက္ကဋ္ဌ ဒေါက် တာအေးဇံက “ထိုကိစ္စနှစ်ရပ်အား ကော်မတီမှစစ်ဆေးသောအခါ ပြည်သူလူထုအကျိုးဖြစ်ထွန်းမှု မရှိ ခြင်း၊ စီးပွားရေးအရကိုက်ညီမှုမရှိခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူမပြုခြင်းစသည့် အချက်များကြောင့် ရပ်ဆိုင်းသင့်သည့်စီမံကိန်းများဖြစ်ပါတယ်”ဟု ၄င်းက ထောက်ခံတင်သွင်းခဲ့သည်။မွန်ပြည်နယ် ၁၀မြို့နယ် ဆင်းရဲမွဲတေမှုပပျောက်ရန်အတွက် လယ်ယာမြေလုပ်ကိုင်နေသည့် တောင်သူလယ်သမားများအား နည်းပညာများအကူအညီပေးခြင်း၊ သဘာဝဘေးဒဏ်များကို ကာ ကွယ်စောင့်ရှောက်ခြင်း အစရှိသည့်အချက်များကြောင့် ထိုဘတ်ဂျတ်ငွေများကို မွန်ပြည်နယ် ဖွ့ံဖြိုး တိုးတက်ရန်အတွက် များစွာအထောက်အကူပြုကြောင်း ဒေါက်တာအေးဇံက ပြောသည်။
ယခင်အစိုးရလက်ထက် မှရေးဆွဲသွားသည့် ဘတ်ဂျက်ဥပဒေအရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အိမ်ရာဝင်းအတွင်း အဆင့်မြင့်အစိုးရ ဧည့်ရိပ်သာဆောက်လုပ်ရန် အတွက် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၁၂၀၀)ကျပ်နှင့် မွန်ပြည်နယ်ဥပဒေချုပ်ရုံးအသစ် တည်ဆောက်ရန်အတွက် ကျပ်သိန်းပေါင်း (၈၉၇၁) သိန်းကို ပြည်ထောင်စုအစိုးရမှ ဘဏ္ဍာရန်ပုံငွေချ ပေးခဲ့သည်။
စီမံကိန်း၊ဘဏ္ဍာရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးဝဏ္ဏကျော် က လွှတ်တော်မှအဆိုတင်သွင်းရာတွင် ဧပြီလ ၁ရက်အစောပိုင်းတွင် လွှတ်တော်မှ အဆိုတင်သွင်း ကန့်ကွက်ထားခြင်းမရှိသည့်အတွက် ဥပဒေလုပ်ထုံးလုပ်နည်း လွဲမှားနေခြင်းနှင့် အဆင့်မြင့်ဧည့်ရိပ်သာ တည်ဆောက်မှုအခြေအနေမှာလည်း ၃၀ရာခိုင်နှုန်းရှိနေသည့်အတွက် လွှတ်တော်မှ အဆိုကို မှတ်တမ်းအဖြစ် သာထားသင့်ကြောင်း ဆွေးနွေးခဲ့သည်။
“ဧပြီ ၁ရက်နောက်ပိုင်း ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကို တင်သွင်းမှသာ ဆက်လက်အဆိုကိုတင်သွင်းခွင့်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ ခေါင်းစဉ်ပြောင်း သုံးစွဲဖို့အတွက် တင်သွင်းထားသည့်အဆိုအား လုပ်ထုံးလုပ်နည်းဥပဒေအရလွဲမှားနေတာတွေ့ရတယ်။ သို့သော်အဆိုရှင် ကိုယ်စားလှယ်နဲ့ ထောက်ခံဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်များရဲ့ ပြည်သူကို
အလေးထားသလို ပြည်သူအပေါ်စေတနာထားရှိမှု၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိုလေလွင့်မှု မရှိစေတဲ့ စေတနာနဲ့ပေါ်လွင်ထင်ရှားနေတာဖြစ်တယ်။ အဆိုကိုပြန်လည်ရုပ်သိမ်းပေးစေလိုသော်လည်း လွှတ် တော်မှမှတ်တမ်းတင်ခြင်းများပြုလုပ်သွားဖို့ လေးနက်စွာတင်ပြအပ်ပါတယ်” ဟု၎င်းက ဆက်လက် ဆွေးနွေးခဲ့သည်။
ဇွန်လ (၃၀)ရက်ကပြုလုပ်သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန် အစည်းအဝေးတွင် အရေးကြီးအဆိုအနေဖြင့် မွန်ပြည်နယ်အတွင်း အရေးတကြီးမလိုအပ်သော နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များလာရောက်ပါက တည်းခိုနိုင်ရန် VIPအဆင့်မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်းနှင့် ဥပဒေချုပ်ရုံး အသစ် ပြန်လည်တည်ဆောက်မည့် စီမံကိန်းများအတွက် ကုန်ကျမည့်ငွေ အား ပြည်သူ့အတွက် တိုက်ရိုုက်အကျိုးရှိသည့်စီမံကိန်းများကို ပြောင်းလဲသုံးစွဲသင့်သည်ဟု ပေါင် မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က တင်သွင်း ထားသော်လည်း သြဂုတ်လ ၁၇ရက်တွင် အဆင့်မြင့်ဧည့်ရိပ်သာတည်ဆောက်သွားရန် အစိုးရက ကုမ္ပဏီကို လုပ်ငန်းအပ်နှံခဲ့သည်။
ယင်းလုပ်ငန်းများမှာ ပြည်သူလူအကျိုးအတွက် အကျိုးဖြစ်ထွန်းမှုမရှိခြင်း၊ စီးပွားရေးအရတွက် ခြေကိုက်မှုမရှိခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူမပြူခြင်း စသည့်အချက်များကြောင့် ရပ် ဆိုင်းသင့်သောစီမံကိန်းများဖြစ်ကြောင်း ဧပြီလ (၂၉) ရက်နေ့တွင်ကျင်းပသော လွှတ်တော်ရေးရာ ကော်မတီများ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဆုံးဖြတ်ထားသည် ဟု သိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရမှ ထောက်ပံ့သည့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း (၇၁၉၆၇ဒသမဝဝ)ကျပ်သန်းဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် ပြည်ထောင်စုမှ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ အမြင့်ဆုံးချပေးသည့် ဘတ်ဂျက်နှစ်ဖြစ်သည်။







