မင်းပြားမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်၍ ငါးစျေးတန်းနှင့်စျေးဆိုင်ခန်းတစ်ချို့ ပြိုပျက်

မင်းပြားမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်၍ ငါးစျေးတန်းနှင့်စျေးဆိုင်ခန်းတစ်ချို့ ပြိုပျက်
by -
စံမောင်သန်း
(ဓာတ်ပုံ/Facebook)
(ဓာတ်ပုံ/Facebook)

ယမန်နေ့ နေ့လယ် ၂ ရီကျော်ခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် စျေးဆိုင်ခန်း ၁၀ ဆိုင်ခန့်နှင့် ငါးစျေးတန်းတွင် ခေါင်မိုးများ ပွင့်ပါသွားသည်ဟု သတင်းရရှိသည်။

“စျေးတစ်ကြောမှာ တိုက်ခတ်သွားတာပါ။ စျေးဆိုင်ခေါင်မိုးတွေ အကုန်လုံး ပွင့်ထွက်သွားပါတယ်။ အိမ်တွေ ပါသွားတာတော့ မကြားမိပါဘူး။ ပစ္စည်းတွေ မိုးမစိုရအောင် စျေးဆိုင်ခန်းတွေ ပြန်ပြီးမိုးနေတာတွေတော့ တွေ့ခဲ့ရပါတယ်” မင်းပြားမြို့ခံ ဦးသိန်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လေဆင်နှာမောင်းကြောင့် သစ်ပင်ငယ်များ ၊ သစ်ကိုင်းများ ကျိုးကျမှုများရှိသော်လည်း တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အသေးစိတ် သိရှိနိုင် မင်းပြားမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ယမန်နေ့ ညနေပိုင်းက ဆက်သွယ်ခဲ့သော်လည်း ၎င်းတာဝန်ရှိသူမှာ မြောက်ဦးမြို့သို့ ရောက်ရှိနေ၍ ပျက်စီးမှု အခြေအနေ အတိအကျကို မေးမြန်း၍ မရခဲ့ပါ။

မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးကို အကြိမ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းကို လက်ခံဖြေဆိုခြင်း မရှိသဖြင့် ပျက်စီးမှု အတိအကျကို တင်ပြနိုင်ခြင်းမရှိပါ။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...