တတိယအကြိမ် ၂၁ ရာစုပင်လုံသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တက်ရောက်မည်

တတိယအကြိမ် ၂၁ ရာစုပင်လုံသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တက်ရောက်မည်
by -
ဇေယျာမော်

တတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားစာကို ယမန်နေ့ ဇူလိုင် ၃ ရက်နေ့က လက်ခံရရှိထားပြီး အစည်းအဝေးသို့ တက်ရောက်သွားမည်ဟု တအာင်းလွတ်မြောက်ရေးအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“မနေ့ကတော့ ဖိတ်စာရောက်ပါတယ်။ တစ်ဖွဲ့ချင်းစီကို လိပ်မူပြီး ဖိတ်တာပါ။ မြောက်ပိုင်းအဖွဲ့တွေအကုန် ဖိတ်တယ်လို့ သိထားတယ်။ အဲ့တော့ အစည်းအဝေးကို တက်ဖြစ်မှာပါ။ ဘယ်သူတက်မယ်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။

တရုတ်- မြန်မာ နယ်စပ် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ဝအဖွဲ့ (UWSA) ၊ တအာဝ်း လွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့သည် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအဖွဲ့ဝင်များ အားလုံးပါဝင်မှသာ ဆွေးနွေးပွဲတက်ရောက်ရန် မူဝါဒချမှတ်ထားခြင်း ဖြစ်သည်။

ယင်းမြောက်ပိုင်းအဖွဲ့များသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်သောကြောင့် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခွင့်မရှိပေ။

လာမည့် ဇူလိုင် ၁၁ ရက်နေ့ မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ တတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးအား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခု တတိယအကြိမ်ပင်လုံတွင် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အကာကွယ်ပေးခြင်းနှင့် ဒီမိုကရေစီအခွင့်အရေး အခြေခံ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှမှုရေးကို အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။

၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင်လည်း တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ညီလာခံဖွင့်ပွဲနေ့ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးတွင် အကျပ်အတည်းဖြစ်ခဲ့သည့် တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာ ကိစ္စရပ်များ ၊ ခွဲမထွက်ရေး ကိစ္စရပ်များကို ယခုအကြိမ်  အစည်းအဝေးတွင် ဆွေးနွေးခြင်း ပြုလုပ်မည်မဟုတ်ဘဲ ၂၁ ရာစု ပင်လုံအစည်းအဝေးပြီးမှသာ ဆက်လက်ဆွေးနွေးရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီထားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို (၆) လ တစ်ကြိမ် ကျင်းပရန် သဘောတူညီ ထားသော်လည်း ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။

ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...
ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...