အိန္ဒိယမှ ရခိုင်ဖွံ့ဖြိုးရေးကူငွေနှင့် ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာညှိနိုင်း အစည်းအဝေးကျင်းပ

အိန္ဒိယမှ ရခိုင်ဖွံ့ဖြိုးရေးကူငွေနှင့် ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာညှိနိုင်း အစည်းအဝေးကျင်းပ
ဓာတ်ပုံ- ရခိုင်ပြည်သူများ၏ လူနေမှုဘဝ
ဓာတ်ပုံ- ရခိုင်ပြည်သူများ၏ လူနေမှုဘဝ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယမှ ကူညီသည့် အမေရိကန်ဒေါ်လာ ၂၅ သန်းအား ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနိုင်ရေး လုပ်ငန်းညှိနိုင်းပွဲကို ယနေ့ (ဇွန် ၂၂ ရက်နေ့) နေပြည်တော်တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစောက “ အိန္ဒိယ အစိုးရကနေ ၅ နှစ်စီမံကိန်း ဖွံ့ဖြိုးရေး အစီအစဉ်အတွက် တစ်နှစ်ကို ဒေါ်လာ ၅ သန်းနှုန်းနဲ့ ၅ နှစ်အတွက် ဒေါ်လာ ၂၅ သန်း ကူညီထားတာရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လို နေရာတွေမှာသုံးစွဲမလဲ။ ဘယ်ကဏ္ဍတွေကို အဓိက ဦးစားပေးဆောင်ရွက်မလဲ။ ဒါတွေကို စနစ်တကျ ဘယ်လို စီမံချက်တွေရေးဆွဲနိုင်မလဲ စတဲ့ အချက်တွေကို အစည်းအဝေးမှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဦးလှစောသည် အိန္ဒိယအစိုးရမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ ကူညီထားသည့် အမေရိကန် ဒေါ်လာ ၂၅ သန်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးထားသူလည်း ဖြစ်သည်။

“ ဒီအစည်းဝေးကို ကျွန်တော်အပါအဝင် ဦးဘရှိန်၊ ကိုဖေသန်း၊ ဒေါ်ခင်စောဝေတို့လည်း တက်ရောက်ကြပါမယ်။ ရခိုင် လွှတ်တော်ကိုယ်စားလှယ်တော်များကိုလည်း ဖိတ်ကြားထားပါတယ်” ဟု ဦးလှစောက ပြောဆိုသည်။

၎င်းအပြင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စား ရခိုင်ပြည်နယ်မှ ရသေ့တောင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်နှင့် ဘူးသီးတောင်မြို့နယ် အမှတ်(၁) နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်တို့အားလည်း ၎င်းအစည်းအဝေးတွင် တက်ရောက်ကြမည်ဟု သိရသည်။

မြန်မာနှင့် အိန္ဒိယအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာအရ ရခိုင်ပြည်နယ် လူမှုစီးပွား ဖွွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယမှ (၅) နှစ်စီမံကိန်း အတွက် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ထားသည်ဟု သိရသည်။

ယခု အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာအရ ရခိုင်ပြည်နယ် လူမှုစီးပွား ဖွွံ့ဖြိုးတိုးတက်ရေးအတွက် ပထမနှစ်တွင် လျာထား သည့် လုပ်ငန်းများနှင့် အတူ အဓိက ဦးစားပေးဆောင်ရွက်လိုသည့် လုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...