အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး အစည်းအဝေးသို့ ANP လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မှ ဖိတ်ကြားခြင်းမခံရ

အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး အစည်းအဝေးသို့ ANP လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မှ ဖိတ်ကြားခြင်းမခံရ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိအစည်းအဝေး အကြိုပြင်ဆင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များ၏ ဆွေးနွေးပွဲ (Photo- MOI)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိအစည်းအဝေး အကြိုပြင်ဆင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များ၏ ဆွေးနွေးပွဲ (Photo- MOI)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိအစည်းအဝေး အကြိုပြင်ဆင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များ၏ ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီ ၃ ရက်ကြာ နေပြည်တော်တွင် ကျင်းပနေရာ ၎င်းဆွေးနွေးပွဲသို့ လွှတ်တော်တွင် တတိယ အင်အားအကြီးဆုံး ဖြစ်သည့် ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တစ်ယောက်မှ ဖိတ်ကြားခံရခြင်း မရှိကြောင်း သတင်းရရှိသည်။

လွှတ်တော်တွင် တတိယ အကြီးမားဆုံး တိုင်းရင်းသားပါတီ တစ်ရပ်ဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို လွှတ်တော်အစုအဖွဲ့ကိုယ်စား ၎င်းအစည်းအဝေးသို့ မဖိတ်ကြားခြင်း အပေါ် အံ့သြသင့်မိကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

“ အခု ကျွန်တော်တို့ ပြောလိုတာက ဒီဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ ဆွေးနွေးပွဲပါ။ အစိုးရ၊ တပ်မတော်က ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လွှတ်တော်ဆိုတော့ ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ ကျွန်တော်တို့လည်း ပါဝင်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ပါတီက ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ဖိတ်ကြားမခံရဘူး။ ကျွန်တော်တို့ သိရတာက NLD က ကိုယ်စားလှယ်တွေကိုဘဲ အားလုံး ခေါ်ယူသွားတယ်လို့ သိရပါတယ်” ဟု ဦးဦးလှစောက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိ အစည်းအဝေး အကြိုပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အကျိုးဆောင်များ တက်ရောက်နေကြောင်း သိရသည်။

“ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှာ လွှတ်တော်ထဲက နိုင်ငံရေး ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ အားလုံး ညီညီမျှမျှ ပါဝင်သင့်ပါတယ်။ ဒါက ငြိမ်းချမ်းရေး ပင်လုံညီလာခံဖြစ်တာနဲ့ အညီ ငြိမ်းချမ်းရေးအတွက် ရှေ့ရှုလုပ်ဆောင်သင့်ပါတယ်” ဟု ပြောကြားသည်။

ယခုဆွေးနွေးပွဲတွင် ယခင်သဘောတူညီချက်များ၊ မူဝါဒအဆိုပြုချက်များ၊ ယခင် စုစည်းချက်များအပြင် နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့ကို ဆွေနွေးကြသည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...