ပုဏ္ဏားကျွန်းနယ်မှ ရေဘေးသင့်မိသားစုများအား ဝံလက်ဖောင်ဒေးရှင်းမှကူညီထောက်ပံ့

ပုဏ္ဏားကျွန်းနယ်မှ ရေဘေးသင့်မိသားစုများအား ဝံလက်ဖောင်ဒေးရှင်းမှကူညီထောက်ပံ့
by -
စံမောင်သန်း

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များ လုံးဝပျက်စီးသွားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းရှိ ကျေးရွာများမှ မိသားစုများကို စစ်တွေမြို့ အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းမှ ဇွန်လ ၂၀ ရက်နေ့တွင် ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ယင်းသို့ ထောက်ပံ့ရာတွင် သြရမကျေးရွာတွင် မိသားစုတစ်စုကို ၅၀၀၀၀ ကျပ်နှင့် ကျန်ကျေးရွာများတွင် မိသားစုတစ်စုကို ၄ သောင်းကျပ်စီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

၎င်းပြင် ကျေးရွာသားများအတွက် ရေစုပ်စက် ၂ လုံး၊ ဓာတ်ဆီဖိုး ၄၀၀၀၀၀ ကျပ်၊ စောင် ၁၇၀ ထည်၊ မာမီးခေါက်ဆွဲ ၂၄ ဖာ၊ အဝတ် ၂ ထုပ်၊ တာပေါ်လင် ၃၃ ခု၊ စားဆီ ၄ ဖာ၊ အိုး ၆၀ နှင့် အခြား အသုံးအဆောင် ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

“ဒီကျေးရွာတွေမှာ လူနေအိမ် အမြောက်အများ ပျက်စီးခဲ့တဲ့အပြင် လူတစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ ကူညီမှုတွေဟာ အားနည်းနေသေးပါတယ်။ အခြားနေရာတွေကလည်း အကူအညီ မရောက်ရှိသေးတဲ့အတွက် ဒီတောဖျားချောင်းက ကျေးရွာ တွေကို ကျွန်တော်တို့ ဝံလက်ဖောင်ဒေးရှင်းက လာရောက် ကူညီပေးရတာဖြစ်ပါတယ်”ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရေနစ်မြုပ်မှုကြောင့် သြရမကျေးရွာတွင် လူနေအိမ် ၈ လုံး၊ ဖားကြွယ်ကျေးရွာတွင် ၁၀ လုံး၊ အထက်သင်ပုန်တန်းတွင် ၈ လုံး၊ ခွေးသေတွင် ၆ လုံး၊ ပိန္နဲတောတွင် ၇ လုံး၊ ဥယျာဉ်သာတွင် ၁၀ လုံး၊ ချိုရှည်တွင် ၄ လုံး၊ နဂါးဖောက်တွင် ၆ လုံး၊ ကူတောင်တွင် ၂ လုံးပျက်စီးသွားခဲ့သည်။

တစ်ချို့ကျေးရွာများတွင် ကွမ်းခြံများ ပျက်စီးသွားသည်သာမက ဝက်နှင့် ကြက်များလည်း အမြောက်အများ သေကြေသွားကြပြီး၊ တစ်ချို့ကျေးရွာသားများတွင် နွားများကို ယခုအချိန်အထိ ရှာမတွေ့သေးဟု သိရသည်။

“အိမ်၊ အိုးတွေ၊ ခွက်တွေနဲ့ အဝတ်အထည်တွေ အားလုံးပါသွားပြီးတော့ စားဝတ်နေရေး အခက်အခဲ တော်တော်ရှိနေပါတယ်။ ကျမက ၀ါးခုတ်စားပါတယ်”ဟု သြရမကျေးရွာမှ ဒေါ်သန်းခင်နုက ပြောသည်။

အဆိုပါ ရေဘေးဒဏ်ကို ခံခဲ့ရသည့် ဒေသသို့ ပိုးရွှီပြင် မဟာမိတ်လူမှု ကူညီရေးအသင်းမှ သွားရောက် အကူအညီများ ပေးနေပြီး တခြားအဖွဲ့အစည်းများမှ အကူအညီများ မရောက် ရှိသေးဘဲ ဖြစ်နေကြောင်းကျေးရွာသားများက ပြောသည်။

သြရမကျေးရွာသို့ ပြည်နယ်အစိုးရအဖွဲ့မှ ဆန် ၉ အိတ်သာ ထောက်ပံ့ပေးသေးသည်ဟု ဆိုသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ယနေ့သွားရောက် အကူအညီပေးရာတွင် လွန်ပူကျေးရွာမှ လူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားကာ ပိုးရွှီပြင်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မိသားစုအတွက် ၂ သိန်းကျပ်၊ တောဖျားချောင်းမှ လာရောက်ဆေးကုသမှု ခံယူနေသည့် အခြားမိသားစု ၃ စုအတွက် လူနာတစ်ဦးလျှင် ၅၀၀၀၀ ကျပ်စီထောက်ပံ့ပေးခဲ့ပြီး ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်းအတွက်လည်း ငွေ ၂ သိန်းကျပ် ထောက်ပံ့ ပေးခဲ့သေးသည်ဟု ခိုင်ကောင်းစံက ပြောသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...