လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်လိုသူ ANP ကိုယ်စားလှယ်လောင်းများ လျှောက်လွှာခေါ်ယူ

လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်လိုသူ ANP ကိုယ်စားလှယ်လောင်းများ လျှောက်လွှာခေါ်ယူ

လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်လိုသော ရခိုင်အမျိုးသားပါတီဝင်များကို လျှောက်လွှာခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ANP ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လိုသော ANP ပါတီဝင်များအနေဖြင့် မြို့နယ်ရုံးတွင် (၁၅-၆-၂၀၁၈) နေ့ ညနေ ၄ နာရီကို နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လျှောက်လွှာတစ်စောင်ကို ကျပ် ၃၀၀၀၀ ဖြင့် ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်လှမြင့်က “ အခု လောလောဆယ်တော့ ကျွန်တော်နဲ့ ကူတောင်က မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းလင်းတို့ နှစ်ယောက်ဘဲ ဝယ်ပါသေးတယ်။ ဇွန်လ ၁၅ ရက်နေ့မှ နောက်ဆုံးဆိုတော့ နောက်ထပ် လျှောက်လွှာတင်နိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လျှောက်လွှာများကို ပါတီဗဟို၊ မြို့နယ်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော လက်ခံစိစစ်ရေး ကော်မတီကို ဖွဲ့စည်းပြီး လျှောက်လွှာများကို စိစစ်သွားမည် ဖြစ်ကြောင်း၊ ဗဟိုမှ ကြီးကြပ်ပြီး မြို့နယ်နှင့် သက်ဆိုင်ရာ မဲဆန္ဒနယ် အမှတ်(၂) မှ ရပ်ကျေး ကော်မတီများမှ လွှတ််တော်ကိုယ်စားလှယ်ကို မဲစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်၌ လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကွယ်လွန်သွားခဲ့သည့် ဦးဖိုးမင်း၏ နေရာ ရသေ့တောင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် တစ်နေရာ ယှဉ်ပြိုင်ရန် ပါရှိကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် ၂ ရက်နေ ့မှ စတင်ကာ ၁၁ ရက်နေ ့ကို နောက်ဆုံးထားပြီး တင်သွင်းရန် ကြေညာထားသည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...