စစ်ပွဲများရပ်တန့်ရေး ဆန္ဒပြ၍ အမှုဖွင့်ခံရထားရသူ ၃ဦးအတွက် အပြီးသတ်လျှောက်လဲချက် တင်မည်

စစ်ပွဲများရပ်တန့်ရေး ဆန္ဒပြ၍ အမှုဖွင့်ခံရထားရသူ ၃ဦးအတွက် အပြီးသတ်လျှောက်လဲချက် တင်မည်
by -
စိုးသူအောင်

မြစ်ကြီးနားမြို့တွင် စစ်ပွဲများရပ်တန့်ရေးဆန္ဒပြ၊  ဦးဆောင်ဟောပြောသောကြောင့် အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲခြင်းကိုခံထား ရသူ ၃ ဦးအတွက် လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် တင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးမုံဆိုင်းတူးက ပြောသည်။

ဇွန်လဆန်းပိုင်းကလည်း တရားစွဲဆိုခံထားရသည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ (၃) ဦးအမှုကို ချေဖျက်ပေးရန် တရားလွှတ်တော်သို့ ပေးပို့ခဲ့သေးကြောင်းလည်းသိရသည်။

“ လျှောက်လွဲချက်ပေးပြီးသွားရင် အမိန့်ပေါ့။ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ တရားသူကြီးအပိုင်း ဖြစ်သွားမယ် “ ဟု ဦးမုံဆိုင်းတူးက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် အမှုကိုပယ်ဖျက်ရန်အတွက် လျှောက်လဲချက်တင်မည်ဖြစ်ပြီး အမှုပယ်ဖျက်/ မဖျက်မှာတော့ တရားရုံးနှင့် သက်ဆိုင်တော့ကြောင်း ၄င်းကဆိုသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်  ၁ဖက်တပ်များကြားထဲ ရောက်နေသည့် ပြည်သူတွေ လွတ်မြောက်ရန် ဆန္ဒပြကာ ဦးဆောင်ဟောပြောခဲ့သောကြောင့်  ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ (၃) ဦးကို မြောက်ပိုင်းတိုင်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အမှုဖွင့်ခဲ့ ခြင်းဟု သိရသည်။

ထိုကဲ့သို့ အမှုဖွင့်ရခြင်းမှာ တပ်မတော်အမှုဖွင့်ခိုင်းခြင်းမျိုးမဟုတ်ဘဲ ၄င်းကိုယ်တိုင်၏ဆန္ဒအရ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းယုံကြည်၍ တရားစွဲရခြင်းဟု ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက တရားရုံးတွင် ထွက်ဆိုထားသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်ရုံး ဒုတိယအကြိမ်ချိန်းတွင်  တရားစွဲဆိုခံထားရသည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်တို့ မှာ တစ်ဦးကို ငွေ ၅ သိန်းကျပ်ဖြင့် အာမခံရခဲ့ပြီး ဒေါ်နန်ပူက အဆိုပါရုံးချိန်းတွင် ခရီးလွန်နေသောကြောင့် မေလ ၂၈ ရက်နေ့ တတိယအကြိမ်ရုံးချိန်းတွင် အာမခံရရှိခဲ့သည်။

အသရေဖျက်မှုဖြစ်သည့် ပုဒ်မ ၅ဝဝ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင်ဖော်ပြထားသည်။

 ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလ၊ တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၅  ဦးထိ တရားရင် ဆိုင်နေရကြောင်း အသံ( လွတ်လပ်စွာထုတ် ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) မှ မေလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...