မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ပထမဆုံးပြုလုပ်မည်

မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ပထမဆုံးပြုလုပ်မည်
by -
ဇေယျာမော်

မြန်မာ- ထိုင်းနယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်း နှင့် Tourism Authority of Thailand (TAT) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှ (၂၃) ရက်နေ့အထိ ၆ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက်လုံး၌ ကျွမ်းကျင်ကားမောင်းသူများက ပါဝင်သွားမည်ဟု သိရသည်။

“Tourism ဟာ နိုင်ငံတွေတစ်ခုနဲ့တစ်ခုကြားမှာ ခင်မင်ရင်းနှီးမှုကို ဖြစ်စေပါတယ်။ အနီးဆုံးအိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက Tourism Authority of Thailand နဲ့ စကားပြောဖြစ်တယ်။ အဲ့တော့ ထီးခီး- ကန်ချနဘူရီ နယ်စပ်ဟာ အင်မတန်မှစိတ်ဝင်စားဖို့ကောင်းပါတယ်။ Border Tourism ဟာ အားလပ်ရက်တွေဆို တော်တော်ကို ဖွ့ံဖြိုးနေတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေရာကို လုပ်ဖို့ ရွေးချယ်ခဲ့တာပါ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်း၏ ခြောက်ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ကား ၂၃ စီး နှင့် လူ ၇၅ ဦး ပါဝင်မည်ဖြစ်ကာ ခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန် မှ ထားဝယ်သို့ စတင်ထွက်ခွာမည် ဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံနယ်စပ်မှ တဆင့် ကန်ချနပူရီ ၊ ဆူဖန်ပူရီ ၊ ပီဆန်နူလော့ခ် ၊ ဆူကိုထိုင်း ၊ မဲဆောက် ၊ မြဝတီ ၊ ဘားအံလမ်းကြောင်းမှ တစ်ဆင့် ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်သည်။

“Myanmar Heritage Trail Tourism Rally (MHTTR) က လုပ်ခဲ့တဲ့ ခရီးစဉ်ထဲမှာ နိုင်ငံခြားကို ထွက်ပြီး မောင်းတဲ့ခရီးစဉ်ထဲမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး မောင်းဖို့ စိတ်ကူးခဲ့ကြတာ စပြီးလုပ်ခဲ့တဲ့ နှစ်လောက်ကတည်းက စိတ်ကူးခဲ့ကြတယ်။ အခု ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အိမ်မက် အကောင်အထည် ဖော်နိုင်ပြီလို့ ပြောလို့ရပါတယ်” ဟု Myanmar Heritage Trail Tourism Rally (MHTTR) တည်ထောင်သူလည်းဖြစ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေး အသင်းအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးဖြိုးဝေရာဇာက ဆိုသည်။

Myanmar Heritage Trail Tourism Rally (MHTTR) က ပြုလုပ်ခဲ့ဖူးသည့် ခရီးစဉ်ငါးခုသည် ပြည်တွင်း၌သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၁၉ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် စစ်ကိုင်းတိုင်းခရီးစဉ် ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...