ANP ပါတီ ပုဏ္ဍားကျွန်းမြို့နယ် မျက်နာစုံညီ အစည်းအဝေးပြုလုပ်

ANP ပါတီ ပုဏ္ဍားကျွန်းမြို့နယ် မျက်နာစုံညီ အစည်းအဝေးပြုလုပ်
ရခိုင်အမျိုးသားပါတီ (ပုဏ္ဍားကျွန်းမြို့နယ်) မျက်နာစုံညီအစည်းအဝေး  (ဓာတ်ပုံ- Pray Then Pat Post)
ရခိုင်အမျိုးသားပါတီ (ပုဏ္ဍားကျွန်းမြို့နယ်) မျက်နာစုံညီအစည်းအဝေး (ဓာတ်ပုံ- Pray Then Pat Post)

ရခိုင်အမျိုးသားပါတီ (ANP) ပုဏ္ဍားကျွန်းမြို့နယ် မျက်နာစုံညီအစည်းအဝေးကို ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ပါတီမြို့နယ်ရုံးတွင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့အစည်းအဝေးကို (၂) သုတ်ခွဲပြီး ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခု နံနက် ၉ နာရီမှ စတင်ပြီး မဲဆန္ဒနယ်အမှတ်(၁)မှ ရပ်ကျေးကိုယ်စားလှယ်များဖြင့် ပြုလုပ်နေပြီး ဒုတိယ အသုတ်ကို အမှတ်(၂) မဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်များဖြင့် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်၊ ပုဏ္ဍားကျွန်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးစံကျော်လှမှ နိရဥ္စရာ သတင်းဌာနသို့ ပောကြားသည်။

“ အဓိကတော့ ပါတီညီလာခံ မလုပ်ခင် ရပ်ကျေးတွေကို ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ အစားထိုးဖို့ လိုအပ်တဲ့ ကျေးရွာတွေကို အစားထိုးမယ်။ အသစ်ဖွဲ့စည်းဖို့ လိုအပ်တဲ့ ကျေးရွာတွေကို အသစ်ပြန်လည် ဖွဲ့စည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို မျက်နာစုံညီ အစည်းအဝေး လုပ်ရတာ ဖြစ်ပါတယ်” ဟု ဦးစံကျော်လှက ပြောဆိုသည်။

အစပိုင်းတွင် မြို့နယ် ပါတီမျက်နာစုံညီ အစည်းအဝေးကို ပုဏ္ဍားကျွန်းမြို့ လောကမာရဇိန် ဘုရားတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပါတီမြို့နယ်ရုံးသို့ ပြောင်းရွှေ့ ပြုလုပ်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြင်ပတွင် အစည်းအဝေးပြုလုပ်ခွင့်မရကြောင်း သတင်းများ ထွက်ပေါ် လာသဖြင့် ပုဏ္ဍားကျွန်းမြို့နယ်ရဲစခန်းသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ ရဲအုပ် တင်မောင်ဝင်းက ယခုလို တုန့်ပြန် ဖြေကြား ပြောဆိုသည်။

“ ကျွန်တော်တို့ တားမြစ်တာမဟုတ်ပါဘူး။ သူတို့ပါတီရုံးမှာ လုပ်နေပါတယ်။ ပါတီရုံးပြင်ပမှာ လုပ်ခွင့်မရဆိုတာက မဟုတ်ပါဘူး။ ပါတီရုံးပြင်ပမှာ လုပ်မယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတာက ငြိမ်းစုစီ ဥပဒေနဲ့ အညီ လုပ်ရမယ်လို့ ပါ ပါတယ်။ ပါတီ စည်းရုံးရေးကာလ မဟုတ်တဲ့ အချိန်မှာပေါ့နော်။ အခုသူတို့က ပါတီရုံးမှာ လုပ်နေတဲ့ အတွက် ဘာမှ ပြသနာ မရှိပါ” ဟု ရဲအုပ် တင်မောင်ဝင်းက ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပါတီရုံးပြင်ပတွင် မျက်နာစုံညီ အစည်းအဝေးကို ပြုလုပ်မည်ဆိုပါက ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်ညွှန်ကြားချက်နှင့် အညီ ငြိမ်းစုစီတင်ပြီး လုပ်ရမည် ဖြစ်ကြောင်းသူက ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ ပုဏ္ဍားကျွန်းမြို့နယ် အနေဖြင့် လောကမာရဇိန်ဘုရားတွင် မျက်နာစုံညီ အစည်းအဝေးကို ကနဦး ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းနေရာကို ငြိမ်းစုစီဖြင့် တင်ပြ တောင်းခံခဲ့ခြင်း မရှိခဲ့ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...