ရန်ကုန်တွင်ကျင်းပသော ဟင်းချက်ပြိုင်ပွဲ ရခိုင်အဖွဲ့ ဆု ၁၀ ခုရရှိ

ရန်ကုန်တွင်ကျင်းပသော ဟင်းချက်ပြိုင်ပွဲ ရခိုင်အဖွဲ့ ဆု ၁၀ ခုရရှိ
by -
စိုးဇံအောင်(တောင်ကုတ်)

အစားအသောက်နှင့်ဟိုတယ်ပိုင်းဆိုင်ရာကုန်စည်ပြပွဲ (Food and Hotel Myanmar 2018) တွင် ပြုလုပ်သော ၅ ကြိမ်မြောက် ဟင်းချက်ပြိုင်ပွဲ (The 5th Myanmar Culinary Arts Competition (MCAC) 2018)တွင် ရခိုင်အဖွဲ့မှ ဆုတံဆိပ် ၁၀ ခုရရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်း အစားအသောက်နှင့်ဟိုတယ်ပိုင်းဆိုင်ရာကုန်စည် ပြပွဲကို ရန်ကုန်မြို့ MEP ( Myanmar Event Part) တွင် ဇွန် ၆ ရက်မှ ၈ ရက်နေ့ ထိပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရခိုင်ပြည်နယ် ကိုယ်စားပြု သွားပြိုင်တဲ့ သူတွေအားလုံးက ငပလီနဲ့ သံတွဲကများပါတယ်။အားလုံး ၁၇ ယောက်သွား ပြိုင်ပါတယ်။အဲ့ဒီအထဲက ၉ ယောက်က ဆုတံဆိပ် ၁၀ ခုရရှိခဲ့ပါတယ်။ တစ်ဦးချင်းစီပြိုင်ပွဲမှာ ရရှိခဲ့ကြတာပါ"ဟု ရခိုင်မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ချစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဟင်းချက်ပြိုင် ပွဲတွင် ရခိုင်ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သော အဖွဲ့မှာ Rakhine Chef Association (RCA ) အဖွဲ့ ဖြစ်ကြောင်း သိရသည်။

ဆုတံဆိပ်ရရှိခဲ့သူများ ၉ ဦးမှာ ဦးအောင်ချစ်ဦး Art of Sand ၊ ဦးဖြိုးဝေအောင် (Nagapali Bay)၊ ဦးထွန်းရတနာ (Pristine)၊ ဦးချစ်ဦးကိုကို (Pristine) ၊ ဒေါ်စန္ဒာဝင်း (Pristine)၊ ဦးကိုကိုဦး (Merciel) ၊ ဦးဇော်ဇော်ထွန်း (Merciel) ၊ ဦးစိုးကိုကို (Amata )၊ ဦးရန်နိုင်စိုး (Hotel Thibaw) တို့ဖြစ်ကြသည်ဟု ဆိုသည်။

၄င်းပြိုင်ပွဲသို့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ချောင်းသာ၊ ငွေဆောင်တို့ အပြင် နိုင်ငံခြား မှလည်း လာရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့ များရှိကြောင်း သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...