ရန်ကုန်တွင်ကျင်းပသော ဟင်းချက်ပြိုင်ပွဲ ရခိုင်အဖွဲ့ ဆု ၁၀ ခုရရှိ

ရန်ကုန်တွင်ကျင်းပသော ဟင်းချက်ပြိုင်ပွဲ ရခိုင်အဖွဲ့ ဆု ၁၀ ခုရရှိ
by -
စိုးဇံအောင်(တောင်ကုတ်)

အစားအသောက်နှင့်ဟိုတယ်ပိုင်းဆိုင်ရာကုန်စည်ပြပွဲ (Food and Hotel Myanmar 2018) တွင် ပြုလုပ်သော ၅ ကြိမ်မြောက် ဟင်းချက်ပြိုင်ပွဲ (The 5th Myanmar Culinary Arts Competition (MCAC) 2018)တွင် ရခိုင်အဖွဲ့မှ ဆုတံဆိပ် ၁၀ ခုရရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်း အစားအသောက်နှင့်ဟိုတယ်ပိုင်းဆိုင်ရာကုန်စည် ပြပွဲကို ရန်ကုန်မြို့ MEP ( Myanmar Event Part) တွင် ဇွန် ၆ ရက်မှ ၈ ရက်နေ့ ထိပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရခိုင်ပြည်နယ် ကိုယ်စားပြု သွားပြိုင်တဲ့ သူတွေအားလုံးက ငပလီနဲ့ သံတွဲကများပါတယ်။အားလုံး ၁၇ ယောက်သွား ပြိုင်ပါတယ်။အဲ့ဒီအထဲက ၉ ယောက်က ဆုတံဆိပ် ၁၀ ခုရရှိခဲ့ပါတယ်။ တစ်ဦးချင်းစီပြိုင်ပွဲမှာ ရရှိခဲ့ကြတာပါ"ဟု ရခိုင်မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ချစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဟင်းချက်ပြိုင် ပွဲတွင် ရခိုင်ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သော အဖွဲ့မှာ Rakhine Chef Association (RCA ) အဖွဲ့ ဖြစ်ကြောင်း သိရသည်။

ဆုတံဆိပ်ရရှိခဲ့သူများ ၉ ဦးမှာ ဦးအောင်ချစ်ဦး Art of Sand ၊ ဦးဖြိုးဝေအောင် (Nagapali Bay)၊ ဦးထွန်းရတနာ (Pristine)၊ ဦးချစ်ဦးကိုကို (Pristine) ၊ ဒေါ်စန္ဒာဝင်း (Pristine)၊ ဦးကိုကိုဦး (Merciel) ၊ ဦးဇော်ဇော်ထွန်း (Merciel) ၊ ဦးစိုးကိုကို (Amata )၊ ဦးရန်နိုင်စိုး (Hotel Thibaw) တို့ဖြစ်ကြသည်ဟု ဆိုသည်။

၄င်းပြိုင်ပွဲသို့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ချောင်းသာ၊ ငွေဆောင်တို့ အပြင် နိုင်ငံခြား မှလည်း လာရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့ များရှိကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...